ဘရာဇီးလ်ဆယ်ကျော်သက်လေးရဲ့အဖေကို တကယ်မရှိတဲ့ အလုပ်အကိုင်ဖန်တီးပေးခဲ့တဲ့မန်စီးတီး

မန်စီးတီးအသင်းအနေနဲ့ ကလပ်မှာတကယ်မရှိတဲ့အလုပ်အကိုင်တခုကို အတုဖန်တီးပြီး၊ အကယ်ဒမီကစားသမားတဦးကို ကလပ်မှာထိန်းထားဖို့ကြိုးစားခဲ့ပါတယ်။ ထွက်လာတဲ့သတင်းတွေမှန်သမျှကို ငြင်းချက်ထုတ်နေပေမဲ့ ကစားသမားလေးရဲ့ဖခင်ကတော့ သူဟာတကယ်ပဲ မန်စီးတီးဟာ အလုပ်တုတခုရခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဂါဘရီရယ် ဖာနန်ဒို အယ်မိုင်ဒါဆိုတာက (၂၀၁၁)ခုနှစ်မှာ မန်စီးတီးအကယ်ဒမီကိုရောက်လာတဲ့ ဘရာဇီးလ်ဆယ်ကျော်သက်လေးပါ။ ပလေးမိတ်ကာနေရာမှာ ကစားတဲ့ အယ်မိုင်ဒါရဲ့အရည်အချင်းက အလားအလာရှိတယ်လို့ ယူဆခဲ့တာကြောင့် ပြိုင်ဘက်တွေထက်လက်ဦးမှုရယူဖို့ ကြိုးစားခဲ့ပါတယ်။ ကစားသမားရဲ့မိဘတွေကို ပိုက်ဆံပေးပြီးတော့ လက်ဦးမှုရယူဖို့ပါ။

ကစားသမားကအဆိုပါအချိန်တုန်းက ၁၄ နှစ်ပဲရှိသေးတဲ့အတွက် ကလပ်က ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုဖို့မဖြစ်နိုင်ပါဘူး။ စာချုပ်မချုပ်နိုင်တဲ့အတွက် ကစားသမားကို မန်စီးတီးမှာထိန်းထားဖို့ မိဘတွေကိုလည်း ပိုက်ဆံပေးလို့မရဖြစ်နေပါတယ်။ ဒီအနေအထားကိုဖြေရှင်းဖို့ မန်စီးတီးဟာ အလုပ်အကိုင်အတုတခုဖန်တီးလိုက်ပါတယ်။

ကင်းထောက်ဝန်ထမ်းအနေနဲ့ အယ်မိုင်ဒါရဲ့အဖေဟာ မန်စီးတီးမှာ အလုပ်ရသွားပါတယ်။ (၂၀၁၁)ကနေ (၂၀၁၃)အထိ နှစ်နှစ်ကြာ မန်စီးတီးမှာ အယ်မိုင်ဒါထရိန်နင်ဆင်းပြီးချိန်မှာတော့ ကစားသမားကတိုးတက်မလာတာကြောင့် မန်စီးတီးက ပြန်လက်လွှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကစားသမားရဲ့အဖေကိုလည်း အလုပ်အကိုင်မပေးတော့ဘဲ အယ်မိုင်ဒါကို လက်လွှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

မန်စီးတီးအသင်းဖက်ကတော့ အဆိုပါနှစ်နှစ်အတွင်း လခအဖြစ်ပေါင် (၁၀၀၀)ကျော်ပေးခဲ့ပါတယ်။ နောက်တော့ အယ်မိုင်ဒါအဖေက အင်တာဗျူးမှာဝန်ခံခဲ့ပြီး၊ မန်စီးတီးဟာ လုပ်ကွက်ပုံစံနဲ့သူ့စားအတွက် သူ့ကို အလုပ်တုဖန်တီးပေးခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ကလပ်ဖက်က အခုသတင်းနဲ့ ပတ်သက်လို့ အတိအလင်းပယ်ချကြောင်း ငြင်းချက်ထုတ်ထားပါတယ်။

AZ-SportsGabar