ေဘးလ္နဲ႔ပတ္သက္ျပီး မန္ယူႏိုက္တက္ကိုသတိေပးခ့ဲတ့ဲ ရြန္းနီ

မန္ယူႏိုက္တက္ရဲ႕တိုက္စစ္မွဴးေဟာင္၀ိန္းရြန္းနီဟာ ဂါရက္ေဘးလ္ကိုမေခၚယူဖို႔ အသင္းေဟာင္းကို သတိေပးလိုက္တယ္လို႔သိရပါတယ္။ ရြန္းနီက ေဘးလ္ကိုေခၚယူမႈဟာမန္ယူႏိုက္တက္အတြက္ ေငြျဖန္ဳးမႈသက္သက္သာျဖစ္သြားမွာကို စိတ္ပူေနတာလည္းျဖစ္ပါတယ္။

မန္ယူႏိုက္တက္အသင္းက အေစာပိုင္းရက္ေတြတုန္းက နည္းျပသစ္ဆိုးလ္ရွားရဲ႕လက္ထက္မွာ အသင္းကိုျပန္လည္တည္ေဆာက္ဖို႔အတြက္ ကမာၻ႕အဆင့္ကစားသမားေတြကိုေခၚယူဖို႔ ပစ္မွတ္ထားခ့ဲတာလည္းျဖစ္ပါတယ္။ မန္ယူႏုိက္တက္အသင္းကလာမယ့္ရာသီမွာခ်န္ပီယံလိဂ္၀င္ခြင့္ နဲ႔လြဲေခ်ာ္ခ့ဲတာျဖစ္ျပီး၊ ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးအသင္းကို ျပန္လည္ယွဥ္ျပိဳင္ႏိုင္ဖို႔လံုလာက္တ့ဲကစားသမားေခၚယူမႈေတြျပဳလုပ္ဖို႔ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။

ရြန္းနီက ” သူ(ဆိုးလ္ရွား) အေနနဲ႔ ထိပ္တန္းကစားသမားငါးေယာက္ေျခာက္ေယာက္ေလာက္ကိုေခၚယူဖို႔ ၾကိဳးစားလိမ့္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္၊ ဒါေပမ့ဲ ကၽြန္ေတာ္သာဆိုရင္ အ့ဲဒီကစားသမားေတြအေပၚမွာေပင္သန္း(၁၂၀)(၁၃၀)ေလာက္သံုးေနမွာမဟုတ္ဘူး၊ ေပင္သန္း(၃၀)(၄၀)ေလာက္ပဲသံုးျပီး၊ ကစားသမားေတြတိုးတက္ေအာင္ကူညီေပးဖို႔ၾကိဳးစားသင့္တယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ဆက္လက္ျပီး ရြန္းနီက ” မန္ယူႏိုက္တက္အအသင္းပရိသတ္ေတြအေနနဲ႔ လာမယ့္ႏွစ္မွာလည္း အသင္းကအရင္လိုပံုစြမ်ိဳးနဲ႔ျပန္လာႏိုင္မွာမဟုတ္ဘူးဆိုတာနားလည္ႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္၊ သူတို႔ကိုအခ်ိန္ေပးရပါမယ္၊ ပရီးမီးယားလိဂ္မွာတင္မဟုတ္ပဲ ခ်န္ပီယံလိဂ္အဆင့္မွာပါ အရင္မန္ယူႏိုက္တက္လိုအဆင့္မ်ိဳးျဖစ္လာဖို႔ အိုလီ(ဆိုးလ္ရွား)ကို(၂)ႏွစ္(၃)ႏွစ္ေလာက္အခ်ိန္ေပးရပါမယ္ ” လို႔အသင္းရဲ႕အေျခအေနနဲပပတ္သက္ျပီး ေျပာၾကားသြားခ့ဲပါတယ္္။

ဆိုးလ္ရွားကို ကမာၻ႕အဆင့္ကစားသမားေတြကို ပိုက္ဆံပံုေအာျပီး ေပးေခၚမယ့္အစား လူငယ္ေျခတက္ ေျခစြမ္းေျခစ ရွိတ့ဲကစားသမားေလးေတြကိုသာေခၚယူျပီး အသင္းကိုအခ်ိန္ယူတည္ေဆာက္သင့္တယ္လို႔ ရြန္းနီက ယံုၾကည္ေနတာလည္းျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ မန္ယူႏိုက္တက္ဟာအသက္(၂၁)ႏွစ္အရြယ္လူငယ္ကစားသမားေလး ဒန္နီရယ္ဂ်ိမ္းစ္ကိုေခၚယူထားျပီးျပီလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘေးလ်နဲ့ပတ်သက်ပြီး မန်ယူနိုက်တက်ကိုသတိပေးခဲ့တဲ့ ရွန်းနီ

မန်ယူနိုက်တက်ရဲ့တိုက်စစ်မှူးဟောင်ဝိန်းရွန်းနီဟာ ဂါရက်ဘေးလ်ကိုမခေါ်ယူဖို့ အသင်းဟောင်းကို သတိပေးလိုက်တယ်လို့သိရပါတယ်။ ရွန်းနီက ဘေးလ်ကိုခေါ်ယူမှုဟာမန်ယူနိုက်တက်အတွက် ငွေဖြန်ုးမှုသက်သက်သာဖြစ်သွားမှာကို စိတ်ပူနေတာလည်းဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းက အစောပိုင်းရက်တွေတုန်းက နည်းပြသစ်ဆိုးလ်ရှားရဲ့လက်ထက်မှာ အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက် ကမ္ဘာ့အဆင့်ကစားသမားတွေကိုခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာလည်းဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းကလာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့် နဲ့လွဲချော်ခဲ့တာဖြစ်ပြီး၊ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ပြန်လည်ယှဉ်ပြိုင်နိုင်ဖို့လုံလာက်တဲ့ကစားသမားခေါ်ယူမှုတွေပြုလုပ်ဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ရွန်းနီက ” သူ(ဆိုးလ်ရှား) အနေနဲ့ ထိပ်တန်းကစားသမားငါးယောက်ခြောက်ယောက်လောက်ကိုခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်သာဆိုရင် အဲ့ဒီကစားသမားတွေအပေါ်မှာပေင်သန်း(၁၂၀)(၁၃၀)လောက်သုံးနေမှာမဟုတ်ဘူး၊ ပေင်သန်း(၃၀)(၄၀)လောက်ပဲသုံးပြီး၊ ကစားသမားတွေတိုးတက်အောင်ကူညီပေးဖို့ကြိုးစားသင့်တယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ရွန်းနီက ” မန်ယူနိုက်တက်အအသင်းပရိသတ်တွေအနေနဲ့ လာမယ့်နှစ်မှာလည်း အသင်းကအရင်လိုပုံစွမျိုးနဲ့ပြန်လာနိုင်မှာမဟုတ်ဘူးဆိုတာနားလည်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူတို့ကိုအချိန်ပေးရပါမယ်၊ ပရီးမီးယားလိဂ်မှာတင်မဟုတ်ပဲ ချန်ပီယံလိဂ်အဆင့်မှာပါ အရင်မန်ယူနိုက်တက်လိုအဆင့်မျိုးဖြစ်လာဖို့ အိုလီ(ဆိုးလ်ရှား)ကို(၂)နှစ်(၃)နှစ်လောက်အချိန်ပေးရပါမယ် ” လို့အသင်းရဲ့အခြေအနေနဲပပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။

ဆိုးလ်ရှားကို ကမ္ဘာ့အဆင့်ကစားသမားတွေကို ပိုက်ဆံပုံအောပြီး ပေးခေါ်မယ့်အစား လူငယ်ခြေတက် ခြေစွမ်းခြေစ ရှိတဲ့ကစားသမားလေးတွေကိုသာခေါ်ယူပြီး အသင်းကိုအချိန်ယူတည်ဆောက်သင့်တယ်လို့ ရွန်းနီက ယုံကြည်နေတာလည်းဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မန်ယူနိုက်တက်ဟာအသက်(၂၁)နှစ်အရွယ်လူငယ်ကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ကိုခေါ်ယူထားပြီးပြီလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar