မန်ယူနိုက်တက်ကို ဇယားထပ်ပို့ပေးလိုက်အပြီး၊ လီဗာပူးကိုရင်ဆိုင်ဖို့အေးဆေးဖြစ်နေပြီဆိုတဲ့ ပေါ့ဘာ

ဘန်လေအသင်းကို ပေါ့ဘာရဲ့သွင်းဂိုးတလုံးတည်းနဲ့ အနိုင်ယူလိုက်ချိန်မှာ မန်ယူနိုက်တက်တို့ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ (၂၀၁၂-၁၃ ရာသီ နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်ဗိုလ်စွဲပြီးကတည်းက အမှတ်ပေးဇယားထိပ်မှာ ပထမဆုံးအကြိမ်ဦးဆောင်လာနိုင်တဲ့အပေါ် လာမယ့်လီဗာပူးနဲ့ပွဲကိုပါအနိုင်ရင် ခြောက်မှတ်အသာနဲ့ဦးဆောင်နိုင်တော့မှာပါ။

” လီဗာပူးကို ရင်ဆိုင်ကစားရတဲ့ပွဲက လူတိုင်းအတွက် ပွဲကောင်းတပွဲဖြစ်လာမှာပါ။ ‘ ပေါ့ဘာက ဘီဘီစီနဲ့အင်တာဗျူးမှာပြောပါတယ်။ ” မကြာခင်မှာရင်ဆိုင်ရတော့မယ့် ပွဲကြီးပွဲကောင်းတပွဲပေါ့။ ကျွန်တော်တို့ကတော့ အဲဒီပွဲအတွက် အဆင်သင့်ဖြစ်နေပြီ” ” အကယ်လို့ ဘန်လေကိုသာကျွန်တော်တို့နိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ရောက်မယ်ဆိုတာသိခဲ့ကြတယ်။’

” လီဗာပူးနဲ့မကန်ခင်မှာကို သုံးမှတ်အသာနဲ့ ဦးဆောင်နေမှာလေ။ ကျွန်တော်တို့ စိတ်အေးအေးထားဖို့လိုတယ်။ အဲဒီပွဲက တကယ်ကို အရေးပါတဲ့အချိန်အခိုက်အတန့်ဖြစ်လာမှာပါ။ ဘာဖြစ်မလဲဆိုတာကို ကျွန်တော်တို့အားလုံး မြင်ကြမှာပါ။’ လို့ ပေါ့ဘာက ဘန်လေနဲ့နိုင်ပွဲအပြီး၊ လီဗာပူးကိုရင်ဆိုင်ရမယ့်အပေါ် ကြိုတင်မှတ်ချက်ပေးထားပါတယ်။

ဘန်လေကို အနိုင်ရလိုက်တဲ့အတွက် မန်ယူနိုက်တက်ဟာ အဝေးကွင်း ၁၅ ပွဲဆက်ရှုံးပွဲမရှိသေးပါဘူး။ ၁၂ ပွဲနိုင် ၃ ပွဲသရေနဲ့ နောက်ဆုံးအကြိမ် အဝေးကွင်းမှာ လီဗာပူးကိုရှုံးပြီးကတည်းက စံချိန်ကောင်းတွေရနေခဲ့တာပါ။ အဆိုပါအချိန်တုန်းက အမှတ် ၃၀ အထိကွာခဲ့တဲ့အနေအထားကို ရောက်ခဲ့ပေမဲ့ အခုအခြေအနေကတော့ သုံးမှတ်အသာနဲ့ ဦးဆောင်နေတာကို ရောက်နေပါပြီ။

အမှတ်ပေးဇယားထိပ်မှာ ၆ မှတ်ပြတ်နဲ့အပြတ်အသတ်ဦးဆောင်ဖို့အတွက်ဆိုရင်တော့ လာမယ့်ဆန်းဒေးမှာ လီဗာပူးအိမ်ကွင်းမှာ အနိုင်ယူရဖို့ရှိနေပါတယ်။ နိုင်ခဲ့ရင် အမှတ်ကွာဟချက်မြင့်သွားမှာဖြစ်ပေမဲ့ ရှုံးနိမ့်ခဲ့ရင် အမှတ်တူမှာဖြစ်ပါတယ်။ သရေဆိုရင် သုံးမှတ်အသာပဲဖြစ်သွားနိုင်တဲ့အတွက် တသင်းသင်းကအနိုင်ရအောင်ဖိကန်လာဖို့ရှိနေပါတယ်။

AZ-SportsGabar