အမှတ်ပေးဇယားထိပ်ကို တက်လှမ်းဖို့ ဘန်လေကိုကျိန်းသေအနိုင်ရမယ့်ယူနိုက်တက်ရဲ့ ကစားကွက် ၂ ခု

ဘန်လေကို ရှုံးတာကလွှဲလို့ သရေ ဒါမှမဟုတ် နိုင်တာနဲ့မန်ယူနိုက်တက်တို့ ပရီမီးယားလိဂ်အမှတ်ပေးဇယားထိပ်ကို တက်လှမ်းမှာပါ။ အဝေးကွင်းလည်းဖြစ်နေတဲ့အပြင် ပရီးမီးယားလိဂ်မှာ အဝေးကွင်းလုံးဝရှုံးပွဲမရှိသေးတဲ့ ယူနိုက်တက်တို့ ခြေစွမ်းပြတော့မယ်လို့ ယူဆရပါတယ်။ ဒီကြားထဲအသင်းရဲ့ကျန်းမာရေးအခြေအနေကလည်း ဒေါင်ဒေါင်မြည်ဖြစ်နေပါသေးတယ်။

ကာဗာနီ သုံးပွဲပယ်ပြည့်ပြီဖြစ်တဲ့အပြင် ပေါ့ဘာ၊ လင်ဒီလော့ဖ်၊ လုခ်ရှောတို့နဲ့ လူစုံတက်စုံပြန်ရလာတဲ့ ယူနိုက်တက်ဟာ ဘန်လေကိုအနိုင်ကစားတော့မှာပါ။ ထုံစံအတိုင်းဆိုးလ်ရှားရဲ့ပွဲထွက်နေကြ ဖာနန်ဒက်နဲ့ကစားကွက်ထွက်လာပြီး၊ တိုက်စစ်ဆင်မလား၊ ဒုတိယပိုင်းမှာ ကစားအားတင်မလားကိုပဲ ခန့်မှန်းရဖို့ရှိနေပါတယ်။ ဒီထဲကမှ ဖြစ်နိုင်ခြေကစားကွက်သုံးခုကို ခန့်မှန်းပေးလိုက်ပါတယ်။

၁-(၄-၂-၃-၁) ဒီကစားကွက်က ကျိန်းသေတိုက်စစ်ဖွင့်မယ့် လူစုံတက်စုံကစားကွက်ပါ။ ဂရင်းဝုဒ်၊ ဂျိမ်းတို့အစား ကာဗာနီထည့်ပြီး၊ တိုက်စစ်ပိုင်းပြောင်းလဲတာမျိုးတော့ရှိနိုင်ပါတယ်။ ဂိုး-ဒီဂီယာ၊ နောက်တန်း၊ ဘစ်ဆာကာ၊ ဘိုင်လီ၊ မက်ဂွဲယား၊ လုခ်ရှော၊ ကွင်းလယ်မှာ ဖရက်၊ တိုမီနေးနဲ့ ဖာနန်ဒက်၊ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ ကာဗာနီ၊ မာရှယ်တို့နဲ့ပါ။

၂-(၄-၂-၃-၁) အခုကစားကွက်က ကောင်တာကစားကွက်ပါ။ ပွဲပမ်းထားတဲ့ တိုမီနေးနေရာ မာတစ်၊ အဆင်မပြေသေးတဲ့ မာရှယ်နေရာ ဂရင်းဝုဒ်နဲ့ လူစာရင်းနည်းနည်းလေးချိန်းမယ့် ကစားကွက်ဖြစ်ပါတယ်။ နောက်ခံလူနေရာမှာ လင်ဒီလော့ဖ်ကို ခန့်မှန်းထားတဲ့အတွက် ခံစစ်က အရင်အထိုင်ပုံစံအဟောင်းနဲ့လာမှာဖြစ်ပါတယ်။

ပြောခဲ့တဲ့ ကစားကွက်က လင်ဒီလော့ဖ်ပါမပါပေါ်မူတည်ပြီးပဲ ပြောင်းသွားမယ့် ကစားကွက်တွေပါ။ ဒါပေမဲ့ မထင်မှတ်ထားဘဲနောက်တန်းမှာ လင်ဒီလော့ဖ်အစား တူအမ်ဇီဘီသုံးတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် ယူနိုက်တက်ဟာ ဘန်လေကို ဖွင့်တိုက်မယ့်ကစားကွက်နဲ့ပဲဖြစ်နိုင်ပြီး၊ ဆိုးလ်ရှားတယောက်ကျိန်းသေ အနိုင်ယူဖို့ ပြင်ဆင်လာနိုင်ပါတယ်။

AZ-SportsGabar