စီရော်နယ်ဒိုနဲ့ မက်ဆီထဲကပိုကောင်းတဲ့ ကစားသမားဘယ်သူဆိုတာကို ရွေးပေးလိုက်တဲ့ အိုဇေးလ်

အာဆင်နယ်အသင်းကနေ ထွက်ဖို့ပြင်ဆင်နေတဲ့ အိုဇေးလ်တယောက် မက်ဆီ၊ ရော်နယ်ဒိုရွေးပွဲထဲပါလာပါတယ်။ သူနဲ့တွစ်တာ ပရိသတ်တဦးကြား အမေးအဖြေလုပ်ထားတဲ့ ပို့စ်မှာ ဘယ်သူပိုကောင်းလဲဆိုတာကို ဝင်ရွေးပေးခဲ့တာဖြစ်ပြီး၊ အိုဇေးလ်က ရှင်းရှင်းလင်းလင်း ဝင်ဖြေပေးခဲ့ပါတယ်။

ပရိသတ်မေးထားတာက ရော်နယ်ဒိုလား၊ မက်ဆီလား အိုဇေးလ်ကို မေးပါလို့ ဆိုထားပါတယ်။ အိုဇေးလ်က ပို့စ်ကို တွေ့သွားချိန်မှာ ပြန်ရှဲလ် (tweet) လုပ်ခဲ့ပြီး၊ သူ့ရဲ့အဖြေကို ရှင်းရှင်းလင်းလင်းပေးခဲ့ပါတယ်။ သူ့ရဲ့အသင်းဖော်ဟောင်းကိုပဲ ရွေးချယ်ခဲ့တာပါ။

” စပိန်မှာဆိုရင် မက်ဆီက အကောင်းဆုံးတွေထဲက တယောက်ဆိုတာကို သက်သေပြထားပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုက သူကစားခဲ့တဲ့နိုင်ငံတိုင်းမှာ အကောင်းဆုံးပါပဲ’ လို့ အိုဇေးလ်က သူ့တွစ်တာမှာ ရေးထားခဲ့ပါတယ်။ ဒီလိုပြောခဲ့တာကလည်း ရော်နယ်ဒိုရဲ့ရောက်လေရာမှာ ပြသထားတဲ့ မှတ်တမ်းတွေကြောင့်ပါ။

ပေါ်တူဂီမှာ စပို့တင်းနဲ့အတူ ၅ ဂိုး၊ မန်ယူနိုက်တက်မှာ ၁၁၈ ဂိုး၊ စပိန်လာလီဂါမှာ ၄၅၀ ဂိုး၊ ဂျူဗင်တပ်မှာ လက်ရှိ ၈၄ ဂိုးနဲ့ နိုင်ငံလက်ရွေးစင်မှာ ၁၀၂ ဂိုးအထိရှိပါတယ်။ နိုင်ငံတကာသွင်းဂိုးမှာဆိုရင်လည်း ဂိုးသွင်းအများဆုံးကစားသမား အလီဒါအိရဲ့စံချိန်ကိုမီဖို့ ၇ ဂိုးပဲလိုပါတော့တယ်။

ကမ္ဘာ့တသက်တာ သွင်းဂိုးစာရင်းမှာလည်း ၇၅၉ ဂိုးနဲ့ ဂျိုးဆက်ဘီကန်ရဲ့ တသက်တာသွင်းဂိုးစံချိန်ကို မီသွားပြီဖြစ်တဲ့အတွက် ရော်နယ်ဒိုသာ တဂိုးသွင်းခဲ့ရင် ကမ္ဘာ့သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်တော့မှာပါ။ ဒါတွေကြောင့် အိုဇေးလ်က ရော်နယ်ဒိုကို ရွေးချယ်ခဲ့တာဖြစ်နိုင်ပြီး၊ ရော်နယ်ဒိုဟာ ရောက်လေရာမှာ ခြေစွမ်းပြသူလို့ ဆိုခဲ့တာပဲဖြစ်ပါတယ်။

AZ-SportsGabar