နံနက်ပိုင်းအားကစားသတင်းတိုများ (၁၂.၁.၂၀၂၁)

ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမား ဂျိုးဆက်ဘီကွန်ရဲ့စံချိန်ကို ရော်နယ်ဒိုမီခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်နေကြပါတယ်။ ၇၅၉ ဂိုးဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံး စံချိန်မဟုတ်ဘဲ ရော်နယ်ဒိုဟာ လိုသေးတယ်လို့ပြောနေကြသလို သတင်းဌာနကြီးအချို့ကလည်း ရော်နယ်ဒိုဟာ မီသွားပြီလို့ ဖော်ပြနေကြပါတယ်။

အက်ဖ်အေဖလား စတုတ္ထအဆင့်မဲခွဲမှုတွေအရ မန်ယူနဲ့လီဗာပူးအသင်းဟာ စောစောစီးစီးပဲသွားတွေ့ဆုံနေပါတယ်။ မန်ယူနိုက်တက်က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်ပြီး၊ ဇန်နဝါရီ ၂၃-၂၄ ရက်တွေမှာ ကျင်းပသွားဖို့ရှိနေပါတယ်။

နောက်ဆုံးအဆင့် ကိုဗစ်စစ်ဆေးမှုတွေအရ ပရီးမီးယားလိဂ်မှာ ပေါ့စတစ်ကိစ္စရပ်ပေါင်း ၃၆ ခုအထိ ထပ်တွေ့ခဲ့တယ်လို့ သိရပါတယ်။ ဘောလုံးသမား၊ ဝန်ထမ်းနဲ့ အကြီးတန်းအရာရှိပိုင်းတွေအကုန်နီးပါး ပါဝင်ပြီး၊ ပေါ့စတစ်ကစားသမားတွေကို သီးသန့်ထားရှိထားတယ်လို့ ဆိုပါတယ်။

အက်စတွန်ဗီလာကိုရင်ဆိုင်မယ့် စပါးအသင်းပွဲပျက်သွားတဲ့အတွက် စပါနဲ့ဖူဟမ်ပွဲကို ဗုဒ္ဓဟူးနေ့မှာပဲ စောစောစီးစီးကစားတော့မယ်လို့ သိရပါတယ်။ ဗီလာအသင်းထရိန်နင်ကွင်းမှာ ကိုဗစ်တွေ့ထားတဲ့ ကစားသမားတွေကြောင့်ဖြစ်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က လက်ရှိမှာ အသင်းပြောင်းဖို့ပြင်နေပြီဖြစ်ပေမဲ့ အာဆင်နယ်ကိုပြောင်းလာခဲ့တဲ့အပေါ် သူဟာ နောင်တရမှာမဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အကယ်လို့ အသင်းပြောင်းဖြစ်ရင်လည်း မေဂျာလိဂ်ကလပ်တွေနဲ့ တူရကီကလပ်ဖီနာဘာချီကိုပဲ ြပောင်းဖြစ်မှာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဂိုးသမားလီနိုတယောက်တည်းနဲ့ ရုန်းကန်နေရတဲ့ အာဆင်နယ်အသင်းကတော့ လီနိုအတွက် အရန်ဂိုးသမားတဦးရှာဖွေနေပါတယ်။ နွေဈေးကွက်ထဲမှာခေါ်ထားတဲ့ ဂိုးသမား ရူနာဆန်ကို အငှားချဖို့ပြင်ဆင်နေပြီး၊ အရန်သင့်ပွဲထွက်နိုင်တဲ့ ဂိုးသမားတဦးကိုရှာဖွေသွားမယ်လို့ သိရပါတယ်။

AZ-SportsGabar