ပရီးမီးယားလိဂ်သမိုင်းရဲ့ ပွဲထွက်ချိန်အတိုဆုံး မန်ယူနိုက်တက်ဂိုးသမား

ပရီမီးယားလိဂ်ရဲ့စံချိန်တွေထဲမှာ ပွဲထွက်ချိန်အတိုဆုံးဆိုတဲ့ စံချိန်တရပ်ရှိပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့ဂိုးသမားဟောင်းကြီး နစ်ခ် ကတ်ခ်ကင်တင်ထားတဲ့ စံချိန်ဖြစ်ပြီး၊ လက်ရှိပရီးမီးယားလိဂ်သမိုင်းမှာ ပွဲထွက်ချိန်အတိုဆုံးဆိုတဲ့ စံချိန်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားကြီးပါ။

ပြန်ပြောင်းပြောရမယ်ဆိုရင် အချိန်ကာလအနေနဲ့ (၁၉၉၉-၀၀)ခုနှစ်များဆီမှာပါ။ ယောခ်စီးတီးကနေ ပြောင်းလာတဲ့ဂိုးသမားဟာ ရေမွန်ဗန်ဒါဂိုရဲ့နောက်မှာ အရန်ဂိုးသမားအနေနဲ့ လူစာရင်းထဲပါလာပါတယ်။ အာဆင်နယ်နဲ့ မန်ယူတို့ ဟိုက်ဘူရီမှာ ကစားခဲ့ချိန်၊ မန်ယူက (၂-၁)နဲ့ နိုင်နေခဲ့ပါတယ်။

ပွဲပြီးဖို့ နာကျင်အချိန်ပိုရောက်ချိန်မှာ အာဆင်နယ်ရဲ့မာတင်ကီယွန်က ချေပဂိုးရလုရခင်အနေအထား ဖြစ်လာချိန်၊ ရေမွန်ဗန်ဒါဂို တယောက် ဒိုင်ဗင်ဝင်ပစ်ပြီး၊ မျက်နှာကို အထိခံဖမ်းလိုက်ပါတယ်။ ဒဏ်ရာရသွားတဲ့အတွက် ထမ်းစင်နဲ့ထုတ်သွားဖို့ဖြစ်လာပြီး၊ ဖာဂူဆန်ဟာ လူစားလဲဖို့ဖြစ်လာပါတယ်။

ပုံမှန်ဆိုရင် ဂိုးသမားနေရမှာ နောက်တန်းတယောက်ဆင်းဖမ်းပြီး၊ အခြားတယောက် အစားသွင်းတာမျိုးလုပ်ကြပေမဲ့ ဖာဂူဆန်ကတော့ အဲဒီလိုမလုပ်ခဲ့ပါဘူး။ နစ်ခ်ကတ်ခ်ကင်ကို ဂိုးသမားချင်းနေရာလဲလိုက်ပါတယ်။ လူစားဝင်လာတဲ့ နစ်ခ်ကတ်ခ်ကင်တယောက် ပြစ်ဒဏ်ဘောကန်ဖို့ ဘောလုံးတည်လိုက်ပါတယ်။

ဘောလုံးတည်ပြီး၊ ပြစ်ဒဏ်ဘောကို ကန်လိုက်ချိန်မှာတော့ ပွဲပြီးသွားခဲ့ပါတယ်။ လူစားဝင်ပြီးတချက်ပဲကန်ရချိန်မှာ ပွဲပြီးသွားတဲ့ နစ်ခ်ကတ်ခ်ကင်ရဲ့ပွဲထွက်ချိန်ကလည်း ပရီးမီးယားလိဂ်မှာ စံချိန်တင်သွားခဲ့ပြီး၊ ပွဲထွက်အချိန်အတိုဆုံးကစားသမားဖြစ်သွားခဲ့ပါတယ်။ ဆယ်စုနှစ် နှစ်စုကျော်လာခဲ့ပေမဲ့ ပွဲထွက်ချိန်မှာ နစ်ခ်ကတ်ခ်ကင်လောက် ပွဲထွက်ချိန်တိုခဲ့တဲ့ ကစားသမားမရှိဘူးလို့လည်း သိရပါတယ်။

AZ-SportsGabar