ဟာလန်းကိုခေါ်ယူဖို့ ဆန်ချိုရဲ့စာချုပ်ပါအချက်နဲ့လက်ဦးမှုရယူမယ့် မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အဂူရိုစာချုပ်နောက်ဆုံးလဝက်ရောက်နေတဲ့အပြင် လောက်လောက်လားလား တိုက်စစ်မှူးလည်း မရှိတဲ့အတွက် ခံစစ်တွေပဲ အားဖြည့်နေတဲ့ပတ်ဟာ ဟာလန်းကို ချိန်ရွယ်လာပါတယ်။

မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားနေတဲ့အဆုံးမှာ ဒေါ့မွန်နဲ့ ဆက်ဆံရေးကောင်းတွေရှိထားတဲ့ မန်စီးတီးဟာ ဆန်ချိုရဲ့စာချုပ်ပါအချက်နဲ့ လက်ဦးမှုရယူဖို့ပြင်ဆင်နေပါတယ်။ ဆန်ချိုကို ဒေါ့မွန်ခေါ်တုန်းက မန်စီးတီးနဲ့ ဒေါ့မွန်ကြားမှာ ပြောင်းရွှေ့ကြေးက သိပ်အရာမရောက်ခဲ့ပါဘူး။

ကစားသမားကို လက်လွှတ်ခံရတော့မယ့် မန်စီးတီးအနေနဲ့ relaase clause ထည့်ချုပ်ခဲ့ပြီး၊ ဆန်ချိုကို ရောင်းရငွေရဲ့ ၁၅ ရာခိုင်နှုန်းကိုပေးရမယ်လို့ သဘောတူခဲ့ပါတယ်။ ဆိုလိုတာက ဒေါ့မွန် ဆန်ချိုကို ရောင်းလိုက်တိုင်း မန်စီးတီးဟာ ရောင်းရငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ရမှာပါ။

The Sun က ဖော်ပြခဲ့တဲ့ ဖော်ပြချက်အရ အဆိုပါတန်ဖိုးဟာ ယူရို ၁၅ သန်း ပမာဏလောက်ရှိပြီး၊ ဆန်ချိုကို ယူရို သန်း၁၂၀ လောက်ရမှရောင်းမယ့် ဒေါ့မွန်အတွက် များပြားတဲ့ပမာဏတရပ်ဖြစ်လာပါတယ်။ မန်စီးတီးက ဒီပြောင်းရွှေ့ကြေးကို ဟာလန်းကိုသာ ခေါ်ခွင့်ရခဲ့မယ်ဆိုရင် လျှော်ပေးဖို့ ပြင်ဆင်ထားပါတယ်။

အကယ်လို့ ဒေါ့မွန်ကလက်မခံခဲ့ရင်တော့ အပြန်အလှန်ထည့်ချုပ်ပေးတာမျိုး တခုခုနဲ့ ညှိနှိုင်းပေးသွားမယ်ဆိုပါတယ်။ ရေရှည်စာချုပ်နဲ့ ဟာလန်းကိုခေါ်ချင်နေတဲ့ မန်စီးတီးက ဒီအချက်တွေကို ဒေါ့မွန်နဲ့ညှိခွင့်ရှိနေတဲ့အတွက် မြို့ခံပြိုင်ဘက်ထက် လက်ဦးသွားမလား စောင့်ကြည့်သွားရပါမယ်။

AZ-SportsGabar