နံနက်ပိုင်းအားကစားသတင်းတိုများ (၁၁.၁.၂၀၂၁)

ဆာဆူအိုလိုကို (၃-၁)နဲ့အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်အသင်းကတော့ ရော်နယ်ဒို၊ ရမ်ဆေးတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပါတယ်။ ရမ်ဆေးအနေနဲ့ ဒီနှစ်ရာသီသူ့ရဲ့ပထမဆုံးသွင်းဂိုးကို အရယူနိုင်ခဲ့တာဖြစ်ပြီး၊ နောက်ခံလူ ဒန်နီလူက တဂိုးသွင်း၊ တဂိုးဖန်တီးနဲ့ ခြေစွမ်းကိုယ်စီပြခဲ့ပါတယ်။

အက်ဖ်အေဖလား တတိယအဆင့်အနေနဲ့ မရင်းအသင်းကို ဝ-၅ နဲ့ စပါးတို့အနိုင်ရခဲ့ပါတယ်။ ကားလို့စ်ဗင်နီးရှပ်တဦးတည်း ဟက်ထရစ်သွင်းယူခဲ့ပြီး၊ စပါးအသင်းဟာ သူတို့ထက် အဆင့် ၁၆၀ လောက်လျော့နည်းတဲ့ အသင်းငယ်လေးကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် တဂိုးဖန်တီးမှုလုပ်ပေးခဲ့တဲ့ ဒယ်လီအလီကို လာမယ့်ပွဲတွေမှာ ထည့်သုံးဖို့ မော်ရင်ဟိုက စီစဉ်နေပါတယ်။ ကစားသမားရဲ့အလိုက်သင့်ပြန်ဖြစ်လာမှုကို ကျေနပ်နေပြီး၊ မကြာခင်မှာ ပွဲထွက်တွေပြန်သုံးဖို့ရှိနေကြောင်း ပွဲပြီးအင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ကစားသမား အဂူရိုဟာ ကိုဗစ်ရှိသူနဲ့ထိတွေ့မှု့ရှိခဲ့တာကြောင့် သီးခြားနေထိုင်နေရပါတယ်။ အစက ဘာမင်ဂမ်စီးတီးအသင်းကို ရင်ဆိုင်ကစားမယ့် အက်ဖ်အေဖလားပွဲမှာပါဝင်ထားသူဖြစ်ပေမဲ့ ချက်ချင်းဆိုသလို လူစာရင်းကနေ နှုတ်ထွက်ခဲ့ရတာပါ။ မန်စီးတီးတို့ (၃-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။

မိုကမ်ဘီကို ၄-၀ နဲ့အနိုင်ယူခဲ့တဲ့ပွဲမှာ ချဲလ်ဆီးရဲ့ဂျာမနီအတွဲဖြစ်တဲ့ ဟာဗက်နဲ့ ဝါနာဟာ အသီးသီးဂိုးသွင်းယူခဲ့ပါတယ်။ ဝေဖန်မှုတွေကို အဆုံးသတ်နိုင်ခဲ့ပြီး၊ ဇီယက်ပါဝင်လာတဲ့ ချဲလ်ဆီးတိုက်စစ်က တော်တော်လေးကို အသက်ဝင်ခဲ့တာကိုတွေ့ရပါတယ်။

အင်္ဂလန်ရဲ့အဆင့်လေးဆင့်မြောက်လိဂ်ကလပ် ခရောလေတောင်းအသင်းကို လိဒ်ယူနိုက်တက်ဟာ (၃-ဝ)နဲ့အံ့အားသင့်ဖွယ်ရှုံးနိမ့်သွားခဲ့ပါတယ်။ ရှုံးပွဲကြောင့်လိဒ်တို့ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပြီဖြစ်ပြီး၊ နည်းပြဘီရယ်ဆာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်တော့ဖို့ရှေိနပါတယ်။

AZ-SportsGabar