ဗန်ဒိုက်ကို ဒူးဒဏ်ရာနဲ့တရာသီလုံးနားခဲ့ရတာတောင်မှ ပစ်ဖို့ဒ်ကို ဘာကြောင့်အနီကတ်မပြခဲ့တာလဲ ကွင်းလယ်ဒိုင်ရှင်းပြ

အဲဗာတန်နဲ့ မားဆေးဆိုက်ဒါဘီကစားခဲ့တဲ့ပွဲမှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်တယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိပြီး၊ ပစ်ဖို့ဒ်ရဲ့အဖျက်ကြမ်းကြမ်းကြောင့် ဗန်ဒိုက်တယောက် တရာသီလုံးနာသွားခဲ့ပါတယ်။ အဲဒီပွဲမှာ ကွင်းလယ်ဒိုင်က အနီကတ်မပြခဲ့လို့ ပစ်ဖို့ဒ်မထွက်ခဲ့ရပေမဲ့ ဗန်ဒိုက်ကတော့ ဒဏ်ရာရသွားခဲ့တာပါ။

ဒီအကြောင်းကို ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူခဲ့တဲ့ မိုက်ကယ်အိုလီဗာက ပြန်ရှင်းပြလာပါတယ်။ ပွဲချိန်တွင်း ပစ်ဖို့ဒ်ကို ဘာလို့အနီကတ်မပြခဲ့တာလဲနဲ့ var ကြည့်ပြီးတာတောင်မှ အနီမပြခဲ့တာဟာ ဘာကြောင့်ဆိုတာကို အခုလိုပြောခဲ့ပါတယ်။ ” ပထဆုံး စတွေ့ခဲ့တာက ဒီဖြစ်ရပ်ဟာ ပင်နယ်တီမဖြစ်နိုင်ဘူးလို့ပါ။ ဘာလို့လဲဆိုတော့ လူကျွံနေတယ်။”

” ဒါကြောင့် ကျွန်တော်တို့က လူကျွံတာကို အရင်ဆုံး စစ်ဆေးဖို့လိုတယ်။ ကျွန်တော် var ကို လှမ်းပြောရမယ်လို့ တွေးလိုက်တယ်။ အကယ်လို့ လူမကျွံခဲ့ဘူးဆိုရင် ကျွန်တော် ပင်နယ်တီကိုပေးတော့မယ်ပေါ့။ ကျွန်တော် အခေါက်ခေါက်ပြန်ကြည့်တယ်။ ကျွန်တော် ကြည့်ခဲ့သလောက် ပစ်ဖို့ဒ်က ဆန့်ထုတ်လိုက်တာကလွဲလို့ ဘာမှမတွေ့ခဲ့ရဘူး’

” ပစ်ဖို့ဒ်ဖမ်းတာတော့ နည်းလမ်းတော့မမှန်ဘူးပေါ့။ အဲဒါက ဗန်ဒိုက်ကို ဒဏ်ရာရသွားစေခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်ကအစ အားလုံး ဒီအဖြစ်အပျက်မှာ လုံလုံလောက်လောက် မှန်မှန်ကန်ကန်မတွေးနိုင်ခဲ့ကြဘူး။ လူကျွံပေးရင်ကောင်းမလား၊ ပစ်ဖို့ဒ်ကို ထုတ်ရင်ကောင်းမလား စဉ်းစားနေတုန်းရှိသေးတယ်။ ဒါနဲ့ကွင်းထဲကို ကြည့်လိုက်တော့ ဘယ်ကစားသမားမှ အနီကတ်ရဖို့ လာစောဒကတက်နေတာမျိုးမရှိဘူး’

” ဖြစ်ရပ်ကို တဆင့်ပြီးတဆင့်သုံးသပ်လိုက်ချိန်မှာ အခုလိုဖြစ်သွားတာက ပင်နယ်တီမဟုတ်ဘူးလို့ တွေးလိုက်တယ်။ လူကျွံဘောဖက်ကိုပဲ ပြန်စဖို့ စဉ်းစားလိုက်တယ်။ ပစ်ဖို့ဒ်ကိုတော့ သီးသန့်အပြစ်ဒဏ်ပေးမယ်ပေါ့ ‘ လို့ပြောခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ပစ်ဖို့ဒ်ကို အနီကတ်မပြခဲ့ဘဲ လူကျွံဘောနဲ့ပဲ ပွဲကိုပြန်ဆက်ကစားစေခဲ့ပါတယ်။ အဲဒီအစား ပွဲချိန်တွင်း အယ်ကန်တာရာကို ဖောင်းခဲ့တဲ့ ရစ်ချာလီဆန်ကိုပဲ အနီကတ်ပြခဲ့ပါတယ်။

AZ-SportsGabar