ပါဝါဘောလုံးအသင်းရွေးရမယ်ဆိုရင် စီရော်နယ်ဒိုကို မရွေးဘူးဆိုတဲ့ စတီဗင်ဂျာရတ်

လီဗာပူးအသင်းရဲ့ကွင်းလယ်လူဟောင်း စတီဗင်ဂျာရတ်၊ လက်ရှိရိန်းဂျားအသင်းနည်းပြက သူ့ရည်မှန်းထားတဲ့ ၅ ယောက်တွဲအသင်းကို ထုတ်ဖော်ခဲ့ပါတယ်။ လီဗာပူးနောက်ခံလူဟောင်းကာရေဂါနဲ့ သူနဲ့ပြုလုပ်ခဲ့တဲ့ ဂရိတ်တက်ဂိမ်းပို့စကတ်ဆိုတဲ့အစီအစဉ်မှာ အကယ်လို့ ၅ ယောက်တွဲအသင်းကိုဖန်တီးခွင့်ရမယ်ဆိုရင် ဘယ်သူ့တွေကို ထည့်မလဲလို့မေးခဲ့ပါတယ်။

ဂျာရတ်က ” အပြင်ဘောလုံးလောကမှာ ထူးခြားတဲ့ခြေစွမ်းတေနဲ့အဆင့်တခုရောက်နေတဲ့ ကစားသမားတွေ ကျိန်းသေရှိပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုလိုပေါ့။ ဒါပေမဲ့ ရော်နယ်ဒိုက ကျွန်တော့်အသင်းမှာပါမှာမဟုတ်ပါဘူး။ ကျွန်တော်က အသင်းမှာဘယ်သူပိုအကျိုးပြုမလဲဆိုတဲ့ သူကိုပဲရွေးမှာပါ။ ရော်နယ်ဒိုနဲ့ဆိုရင် အရာရာကိုအနိုင်ရနိုင်ပါတယ်။”

” ဒါပမေဲ့ ကျွန်တော်ကတော့ တဦးချင်းထက်မြက်တဲ့ကစားသမားတွေထက် အသင်းလိုက်ကစားသမားတွေကိုပဲ ပိုသဘောကျတဲ့သူပါ။ မက်ဆီကို ရွေးမယ်။ ဂိုးသမားနေရာမှာဆိုရင် ဘူဖွန်ပေါ့။ နောက်တန်းမှာ မာဒီနီနဲ့ ကျန်တဲ့နှစ်ယောက်ကို ဇီဒန်း၊ ရော်နယ်ဒင်ဟိုတို့ကို ရွေးပါမယ်။ ဂိုးသမားထဲမှာဆိုရင် ရင်ဆိုင်ဖူးသမျှထဲ ဘူဖွန်က အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်။’

” ကျွန်တော် မာဒီနီကို ရွေးတာက ကျွန်တော့်ရဲ့သူရဲကောင်းတယောက်ဆိုရင်လည်း မမှားဘူး။ ကလပ်တခုတည်းမှာကစားတယ်။ ဥရောပဖလားတွေအများကြီး သိမ်းတယ်။ သူ့ပုံစံကလည်း ကြည့်လို့ကောင်းတယ်ဗျ။ တိုက်စစ်ပိုင်းမှာ ကျွန်တော်ရွေးချယ်မှာက ရင်ဆိုင်ဖူးတဲ့အထဲမှာ အကောင်းဆုံးလို့ ဆိုရမယ့် ကစားသမားသုံးဦးကိုပဲ ရွေးထားတာပါ’

” ဇီဒန်းဆိုလည်း ရင်ဆိုင်ရခက်တယ်။ သူ့ခြေထောက်တွေက ဘောလုံးကိုအမြဲတမ်းထိန်းချုပ်ထားတယ်။ လျှောထိုးတာတွေလည်း ကောင်းမှကောင်း။ ဆရာတဆူလိုပဲ။ ဇီဒန်းကို ကျွန်တော် ဘယ်လိုမှမခန့်မှန်းနိုင်ဘူး။ ရော်နယ်ဒင်ဟိုကတော့ သူအကောင်းဆုံးဆိုတဲ့နှစ်နှစ်သုံးနှစ်အတွင်းမှာ ဘာလဲကိုအားလုံးသိခဲ့ကြမှာပါ။ သူလုပ်ပြခဲ့တာတွေကိုလည်း အားလုံးသိကြမယ်လို့ ထင်ပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

AZ-SportsGabar