နံနက်ပိုင်းအားကစားသတင်းတိုများ (၁.၁၀.၂၀၂၁)

အက်ဖ်အေဖလားတတိယအဆင့်ပွဲတွေအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲတွေမှာ အာဆင်နယ် ၂-ဝဟနယူးကာဆယ်၊ မန်ယူ ၁-၀ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ်နှစ်ခုလုံး စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အိုဆာဆူနာအိမ်ကွင်းကို သွားကစားခဲ့ရတဲ့ ရီးရလ်မက်ဒရစ်ကတော့ ဝ-၀ သရေရလဒ်နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ ပွဲချိန်တွင်း ဘန်ဇီးမားရဲ့သွင်းဂိုး ၂ ဂိုးကို လူကျွံနေတာကြောင့် VAR နဲ့ ပယ်ဖျက်ခဲ့ကာ ရီးရဲလ်တို့ သရေကျခဲ့ပါတယ်။

ဂရန်နာဒါကို ဝ-၄ နဲ့အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းအတွက် အသင်းခေါင်းဆောင်မက်ဆီနဲ့ ဂရေ့ဇ်မန်းက ဂိုးတွေအသီးသီးသွင်းယူပေးခဲ့ပါတယ်။ နိုင်ပွဲကြောင့် ဘာစီလိုနာတို့ အမှတ်ပေးဇယားအဆင့် ၃ အထိ တက်လှမ်းလာနိုင်ပြီး၊ ဇယားထိပ်က အက်သလက်တီကိုနဲ့လေးမှတ်ကွာဟချက်ရှိနေပါတယ်။

ပီအက်စ်ဂျီနည်းပြဘ၀ ပထမဆုံးနိုင်ပွဲအနေနဲ့ ပိုချက်တီနိုရဲ့အသင်းဟာ ဘရက်စ်ကို (၃-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ မွိုက်စ်ကိန်း၊ အိုင်ကာဒီစတဲ့ တိုက်စစ်မှူး နှစ်ယေက်လုံးဂိုးသွင်းခဲ့ပြီး၊ တိုက်စစ်ပိုင်းဟာ အချိန်မရွေး ဂိုးရယူနိုင်စွမ်းရှိတာကို ပြသနိုင်ခ့ပါတယ်။

အမေရိကန် ဆယ်ကျော်သက်လက်ရွေးစင်ကစားသမားလေးဖြစ်တဲ့ မက်သရူူ ဟော့ပီဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဘွန်ဒက်လီဂါမှာ ပထမဆုံးဟက်ထရဟ်သွင်းယူနိုင်တဲ့ အမေရိကန်ဖြစ်လာပြီး၊ ရှော်ကေးအသင်းအတွက် ရယူပေးခဲ့တာဖြစ်ပါတယ်။

လစ်ဇစ်နဲ့ထိပ်တိုက်တွေ့ခဲ့တဲ့ ဒေါ့မံန်အသင်းကတော့ ဆန်ချို၊ ဟာလန်းတို့ရဲ့သွင်းဂိုးတွေနဲ့အတူ (၁-၃)အနိုင်ရလဒ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ နိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ကိုတက်လှမ်းမယ့် လစ်ဇစ်အသင်း ဘိုင်ယန်မြူးနစ်အောက် ၂ မှတ်အကွာနဲ့အတူ အဆင့်သုံးနေရာက ရပ်တည်နေပါတယ်။

AZ-SportsGabar