ရီးရဲလ်ကိုရောက်တာ ၂ နှစ်ကျော်နေပေမဲ့ အငှားထပ်ထွက်ကစားရပြန်တော့မယ့် ဂျပန်မက်ဆီ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမား တိတ်ကူဆာကူဘိုဟာ နောက်ထပ်လာလီဂါကလပ်တသင်းဆီအငှား ထွက်ကစားရတော့မယ်လို့ သိရပါတယ်။ လတ်တလောမှာ ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြ ဘော်ဒါးလက်စ်ရဲ့ ဂီတာဖေးအသင်းကိုပါ။

၂၀၁၉ ခုနှစ်ကတည်းက ဂျပန်တိုကျိုအက်ဖ်စီကိုရောက်လာတဲ့ ကူဘိုဟာ ချက်ချင်းဆိုသလို အငှားထွက်ခဲ့ရပါတယ်။ ဘာစီလိုနာအကယ်ဒမီရဲ့ ကစားသမားဟောင်းလည်းဖြစ်တဲ့ ကူဘိုကို မယ်လော့ကာအသင်းကို အငှားချခဲ့ပြီး၊ ၁၉ နှစ်သားဟာ လေးဂိုးသွင်း၊ ၃၅ ပွဲကစားနဲ့ အငှားထွက်ကစားတဲ့ တာဝန်ကို ကျေပွန်ခဲ့ပါတယ်။

နောက်တော့ အသင်းကတဆင့်မြင့်တင်ဖို့ဆုံးဖြတ်လိုက်ကာ စပိန်ကလပ်တခုပဲဖြစ်တဲ့ ဗီလာရီးရဲလ်ကို အငှားချခဲ့ပါတယ်။ အာဆင်နယ်နည်းပြဟောင်း အမ်မရီကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်ဟာ ကစားသမားကို အငှားခေါ်ထားခဲ့ပေမဲ့ မသုံးခဲ့ပါဘူး။ ကလပ်မှာ ခြေစွမ်းပြဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး၊ မယ်လော့ကာမှာ အသားကျခဲ့တဲ့ ပုံစံကောင်းတွေပျောက်ဆုံးခဲ့ပါတယ်။

ပွဲစဉ်စုစုပေါင်း ၂ ပွဲပဲ ထွက်ခဲ့ရသလို နည်းပြအမ်မရီက ကစားသမားကို သူ့အစီအစဉ်တွေမှာမပါဘူးလို့ ပြောကြားခဲ့ချိန်မှာတော့ ရီးရဲလ်ဟာ နောက်ထပ်ကလပ်တခုကို ထပ်ချိတ်ခဲ့ပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၆ မှာရောက်နေတဲ့ ဂီတာဖေးနဲ့ ရာသီဝက်အငှားသဘောတူဖို့ ချိတ်ဆက်နိုင်ခဲ့ကာ ကစားသမားဟာ သူ့ရဲ့တတိယမြောက်အသင်းကို သွားရတော့မှာဖြစ်ပါတယ်။

ကူဘိုကဂျပန်ကနေ လာခဲ့ပေမဲ့ လက်ရှိမှာ ပုံမှန်လူငယ်တယောက်ရဲ့ခြေစွမ်းကိုပြထားပါတယ်။ ကစားသမားဘ၀ ဥရောပပွဲစဉ် စုစုပေါင်း ၄၈ ပွဲကစားထားချိန်မှာ ၄ ဂိုးသွင်း၊ ၄ ကြိမ်ပံ့ပိုးမှုရှိတဲ့အတွက် အလားအလာရှိတဲ့လူငယ်အဖြစ် စောင့်ကြည့်နေကြပါတယ်။ ရာသီဝက်အငှားကိုမကြာခင်မှာပဲ စတင်တော့ဖို့ရှိနေပါတယ်။

AZ-SportsGabar