နံနက်ပိုင်းအားကစားသတင်းတိုများ (၁.၉.၂၀၂၁)

လီဗာပူးအသင်းနဲ့ အက်စတွန်ဗီလာအသင်းကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်က (၁-၄)နဲ့အတူပြီးဆုံးခဲ့ပါတယ်။ မာနေးတဦးတည်းနှစ်ဂိုးသွင်းယူခဲ့ပြီး၊ ဝှစ်ချ်နယ်ဒန်၊ ဆာလားတို့ရဲ့သွင်းဂိုးတွေနဲ့အတူ လီဗာပူးတို့အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ကို အနိုင်ရလဒ်နဲ့ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဗီလာအသင်းကတော့ ကိုဗစ် ၁၉ ကြောင့်အသင်းရဲ့ ကစားသမားတွေ မပါဝင်နိုင်ခဲ့ဘဲ ယူ ၂၃ ကို ထုတ်ကန်ခဲ့ရကာ လီဗာပူးကိုအရှုံးနဲ့ရင်ဆိုင်သွားခဲ့ရပါတယ်။ ဗီလာအသင်းရဲ့ကစားသမားတွေရဲ့ပျှမ်းမျှအသက်က ၁၈နှစ်နဲ့ ၂၉၄ရက်ပဲရှိပြီး၊ ယူ ၂၃ အသင်းက ကစားသမားလေးတွေကို ပွဲထွက်ခဲ့တာလို့ သိရပါတယ်။

အာဆင်နယ်အသင်းကွင်းလယ်လူ သောမတ်စ်ပါတေးတယောက် မကြာခင်မှာ ပြန်လာတော့မယ်လို့ သိရပါတယ်။ နယူးကာဆယ်ကိုရင်ဆိုင်မယ့် အသင်းပွဲစဉ်မှာ ပြန်ပါလာဖို့ရှိနေပြီး၊ ဒဏ်ရာကနေ အလုံးစုံသက်သာနေပြီဖြစ်ပါတယ်။ နယူးကာဆယ်ပွဲအတွက် ထရိန်နင်ကိုလည်း အပြည့်ဆင်းသွားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကွင်းလယ်လူကန်တေကတော့ တံကောက်ကြောဒဏ်ရာကြောင့် အသင်းရဲ့နောက်လာမယ့်ပွဲစဉ် နှစ်ပွဲကိုလွဲချော်မယ်လို့ သိရပါတယ်။ ဒဏ်ရာအခြေအနေအသေးစိတ်ကို မသိရသေးပေမဲ့ မပြင်းထန်ဘူးလို့သိရပြီး၊ နည်းပြလမ်းပတ်ကတော့ အခြေအနေကိုအတည်မပြုထားခဲ့ပါဘူး။

မိုချင်ဂလာဘတ်ကို အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့ဒီရာသီ ပထမဆုံးရှုံးပွဲကို ကြုံတွေ့သွားခဲ့ပါတယ်။ ဦးဆောင်ဂိုး ၂ ဂိုးအရင်ရထားခဲ့ပေမဲ့ ဂလာဘတ်ရဲ့နောက်ကလိုက်ကစားခြင်းကိုခံခဲ့ရကာ ချေပဂိုးနဲ့အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ (၃-၂)နဲ့အတူရှုံးနိမ့်သွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့လူငယ်ကစားသမားလေး ပယ်လစ္စထရီဟာ ကိုဗစ် ၁၉ ပေါ့စတစ်တွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကစားသမားကို သီးသန့်ခွဲနေစေမှာဖြစ်ပြီး၊ အသင်းရဲ့လူငယ်ပွဲစဉ်တွေမှာ ပါဝင်ကစားနေမှုကို ၂ ပတ်ရပ်နားထားဖို့ရှိနေပါတယ်။

AZ-SportsGabar