အေဂျက်ကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးတိုက်စစ်မှူး

၀က်စ်ဟမ်းရဲ့ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ကစားသမားဖြစ်တဲ့ ဆီဘက်စတီယန်ဟော်လာတယောက် အေဂျက်ကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ယူရို (၂၂.၅)သန်းနဲ့အတူ အေဂျက်အသင်းကခေါ်ယူခဲ့ပြီး၊ ဇန်နဝါရီအပြောင်းအရွှေ့အတွက် စောစောစီးစီးပဲ လှုပ်ရှားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဝက်စ်ဟမ်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် ပေါင် ၄၅ သန်းနဲ့ ဟော်လာတယောက် ရောက်လာခဲ့ပါတယ်။ အသင်းအတွက် ၅၄ ပွဲကစားခဲ့ချိန်မှာ ၁၄ ဂိုးသွင်းခဲ့ပြီး၊ တိုက်စစ်မှာ ပုံမှန်စွမ်းဆောင်ရည်တရပ်ကိုပြထားခဲ့ပေမဲ့ အသင်းက ဟော်လာကို အသင်းမျာဆက်မထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိနည်းပြ မိုယက်စ်သွားနေတဲ့ နည်းစနစ်မှာ ဟော်လာဟာ နည်းစနစ်ပိုင်းအံမဝင်ဘူးလို့ အသင်းပိုင်ရှင်က ယူဆထားပြီး၊ ၂၆ နှစ်သားကိုအသင်းပြောင်းခွင့်ပေးခဲ့ပါတယ်။ ဒီလိုပေးလိုက်တဲ့အတွက် မိုယက်စ်ဟာ ဟော်လာကိုရောင်းရငွေအဖြစ်ရလာတဲ့ လက်ရှိဘတ်ဂျတ်ကို အသုံးပြုခွင့်ပြန်ရမှာပါ။

မိုယက်စ်စိတ်ကြိုက်ကစားသမားခေါ်ခွင့်ရမယ့်အပြင် လတ်တလောသတင်းထွက်နေတဲ့သတင်းအရ တိုက်စစ်မှူးတယောက် ပြန်ခေါ်ဖို့ ဝက်စ်ဟမ်းတို့သုံးသွာမယ်လို့ သိရပါတယ်။ ဘုန်းမောက်အသင်းတိုက်စစ်မှူး ဂျိုရှုဝါကင်း ၂၈ နှစ်ဟာ လက်ရှိမှာ ဝက်စ်ဟမ်းအသင်းအလိုရှိနေတဲ့ တိုက်စစ်မှူးလို့ ဘီဘီစီက ဖော်ပြခဲ့ပါတယ်။

ဟော်လာကို စာချုပ်ခေါ်ယူချုပ်ခဲ့တာက မန်နေဂျာ ပယ်ရီဂလီနီလက်ထက် ဝက်စ်ဟမ်းအသင်းမှာပါ။ လက်ရှိနည်းပြမိုယက်စ်က သူ့နည်းစနစ်တွေနဲ့အံမဝင်တဲ့အပေါ် ကလပ်စံချိန်တင်ကစားသမားကို အေဂျက်အသင်းဆီပြန်ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဟော်လာကတော့ အေဂျက်ကိုပြောင်းနိုင်ခဲ့တာဟာ သူ့အတွက်နှစ်တိုင်းချန်ပီယံလိဂ်ကစားရတော့မယ်လို့ ဖွင့်ဟထားခဲ့ပါတယ်။

AZ-SportsGabar