ပီအက်စ်ဂျီနည်းပြဘ၀ ပထမဆုံးခေါ်ယူမှုအဖြစ် မန်စီးတီးကစားသမားကို အရင်ဆုံးချိတ်ဆက်လာတဲ့ ပိုချက်တီနို

မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂူရိုကို ပီအက်စ်ဂျီအသင်းကခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ The Sun က ဖော်ပြခဲ့တဲ့သတင်းအချက်အလက်အရ ပိုချက်တီနိုအနေနဲ့ အဂူရိုကို အသင်းမှာအင်အားတောင့်တင်းစေဖို့ အလိုရှိနေပြီး၊ ဥရောပကို ပွဲတိုးတဲ့တိုက်စစ်မှူးကို ရေတိုအတွက်အသုံးပြုလိုနေပါတယ်။

အဂူရိုနဲ့ မန်စီးတီးက စာချုပ်သက်တမ်း ခြောက်လပဲကျန်တော့တာပါ။ မန်စီးတီးကလည်း ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ အလိုမရှိသလို ကစားသမားကလည်း စာချုပ်ကုန်ရင်အသင်းက ထွက်ခွာသွားဖို့အလိုရှိနေပါတယ်။ လက်ရှိမှာ ဒူးဒဏ်ရာလည်းရနေတဲ့အတွက် ၃၂ နှစ်သားကို အလွတ်ကြေးနဲ့လက်လွှတ်ဖို့ရှိနေပါတယ်။

ပီအက်စ်ဂျီကတော့ အသင်းရဲ့တိုက်စစ်မှာ မော်ရိုအိုင်ကာဒီ၊ အငှားခေါ်ထားတဲ့ မွိုက်စ်ကိန်းတို့ရှိနေပေမဲ့ ပိုချက်တီနိုဟာ သူ့ရဲ့တိုက်စစ်ပိုင်းကို ဒီထပ်ပိုအင်အားတောင့်ဖို့အလိုရှိနေပါတယ်။ နေမာ၊ အမ်ဘာပေတို့လို တောင်ပံကစားသမားကောင်းတွေရှိနေတဲ့ ပီအက်စ်ဂျီဟာ အဂူရိုနဲ့တွဲဖက်ခဲ့ရင်အကောင်းဆုံးဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

လစာနှုန်းထားမှာတော့ တပတ်ပေါင် ၂ သိန်းနဲ့အထက်ကို ပီအက်စ်ဂျီက ကမ်းလှမ်းလိုနေပြီး၊ အဂူရိုကိုဆွဲဆောင်နိုင်တဲ့ပမာဏဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။ဒီနှစ်ရာသီမှာ ဒဏ်ရာတွေရထားလို ပရီးမီးယားလိဂ်မှာလည်း ငါးပွဲပဲ ပွဲထွက်ရသေးတဲ့အပေါ် မန်စီးတီးနဲ့အသင်းကြား အဆုံးသတ်ဖြစ်လာတော့မှာပါ။

မန်စီးတီးနည်းပြပတ်ဂွါဒီယိုလာကလည်း တိုက်စစ်ပိုင်းမှာ ကစားသမားအများစုမရှိတဲ့အပေါ် ဒီဘရိုင်းကအစ တိုက်စစ်ပို့ကစားထားပြီး၊ အသင်းကိုဟန်မပျက်အောင်တည်ဆောက်ထားပြနိုင်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုနဲ့ အဂူရိုတို့ မကြာခင်မှာ သဘောတူညီမှုရသွားနိုင်မလားက စောင့်ကြည့်ရဖို့ရှိနေပါတယ်။

AZ-SportsGabar