ကိုဗစ်အကျိုးသက်ရောက်မှုကို ကာကွယ်ဖို့ ပေါင်သန်း ၁၂၀ ချေးငွေယူခဲ့တဲ့အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတိုရဲ့ဘဏ္ဍာရေးပိုင်းဟန်ချက်မပျက်စေဖို့ ရေတိုချေးငွေတခုကို ချေးယူခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့်ဖြစ်လာတဲ့ချေးငွအမျိုးအစားကိုယူခဲ့တာဖြစ်ပြီး၊ အာဆင်နယ်ဟာ ဘဏ်ကသတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီတာကြောင့် ချေးငွေယူနိုင်ခဲ့ပါတယ်။

Bank of England ကနေ အာဆင်နယ်ကို ချေးပေးခဲတဲ့ အဆိုပါပေါင်သန်း (၁၂၀)ဟာ ရေတိုချေးငွေလို့သိရပါတယ်။ အာဆင်နယ်အနေနဲ့ အဆိုပါချေးငွေကို မေလ ၂၀၂၁ မှာ ပြန်ဆပ်ရမှာဖြစ်ပြီး၊ ဘဏ္ဍာရေးပိုင်း ကဏ္ဍတွေမှာ အဆင်ပြေပြေလည်ပတ်စေဖို့ပဲ ချေးခဲ့တဲ့ သဘောလို့ဆိုပါတယ်။

မကြာသေးခင်ကမှ ပရိသတ်တွေ ပြန်ဝင်ခွင့်ရတဲ့ကလပ်တခုြ့ဖစ်တဲ့ အာဆင်နယ်ဟာ ပရိသတ်အားနဲ့ပြန်တည်ဆောက်ဖို့ စဉ်းစားခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ကိုဗစ်ကြောင့် စည်းကမ်းတွေပြန်တင်းကြပ်လာပြီး၊ ပရိသတ်မဝင်ရတော့တဲ့အပေါ် အခုလိုမျိုး ချေးငွေတွေကို ယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က ဒီအကြောင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစောင်ထုတ်ခဲ့ကာ ဘာကြောင့်ရယူခဲ့ရလဲကိုအခုလို ရေးသားခဲ့ပါတယ်။ ” နိုင်ငံတွင်းစီးပွားရေးတွေ ပုံမှန်လည်ပတ်အောင်၊ ရင်းနှီးမြုပ်နှံမှုတွေ ပိုခိုင်မလာအောင် ကပ်ကာလအတွင်း ကုမ္ပဏီတွေကိုချေးတဲ့ CCFF ချေးငွေကို ရေတိုကဏ္ဍတွေအတွက် အာဆင်နယ်က ချေးခဲ့ပါတယ်။ ”

” ချေးငွေကို သုံးစွဲခဲ့တာက ပြီးခဲ့တဲ့သြဂုတ်လမှာ အမ်းမရိတ်ကွင်းမှာတင်ရှိနေတဲ့ အကြွေးကဏ္ဍတွေအဆင်ပြေအောင် အားကစားနဲ့ ဖျော်ဖြေရေး၊ ပိုင်ရှင်ခရွန်ကီရဲ့လုပ်ဆောင်ချက်တွေနဲ့ချေးခဲ့တာဖြစ်ပါတယ်။” လို့ ထုတ်ပြန်ခဲ့ပတယ်။

AZ-SportsGabar