ဖာနန်ဒက်ကို ကန်တိုနာနဲ့နှိုင်းယှဉ်နေတာတွေရပ်လိုက်ဖို့ တောင်းဆိုလိုက်တဲ့ ရွိုင်ကိန်း

ဘရူနိုဖာနန်ဒက်ရဲ့လက်ရှိစွမ်းဆောင်ရည်က မေးခွန်းထုတ်စရာပါ။ မန်စီးတီးနဲ့ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ လောက်လောက်လားလားခြေစွမ်းမပြနိုင်ခဲ့သလို မန်စီးတီးကွင်းလယ်နဲ့ခံစစ်ကောင်းမွန်မှုကြောင့် ယူနိုက်တက်တိုက်စစ်ပိုင်းက သေနေခဲ့ပါတယ်။ ဒါဟာ ဂန္ဓဝင်ဟောင်းရွိုင်ကိန်းအတွက် ဝေဖန်စရာဖြစ်လာပါတယ်။

မန်စီးတီးပွဲမတိုင်ခင် ဖာနန်ဒက်ကို ကန်တိုနာနဲ့နှိုင်းယှဉ်မှုတွေရှိခဲ့ပြီး၊ ဖာနန်ဒက်ဟာ ယူနိုက်တက်ရဲ့ကန်တိုနာလက်သစ်လို့ ပရိသတ်တွေကတင်စားနေကြပါတယ်။ ဒါပေမဲ့ မန်စီးတီးပွဲပြီးချိန်မှာတော့ ရွိုင်ကိန်းက ဖာနန်ဒက်ကိုတည့်ဝေဖန်ခဲ့ပြီး၊ ကန်တိုနာနဲ့ နှိုင်းယှဉ်တာတွေရပ်တန့်လိုက်ဖို့ အခုလိုပြောခဲ့ပါတယ်။

” ဖလားတွေကို အရယူဖို့ဆိုတာ မလွယ်ပါဘူး။ ပြီးခဲ့တဲ့လတွေတုန်းက ဖာနန်ဒက်မှာ တကယ့်ချီးကျူးလောက်တဲ့အခိုက်အတန့်တွေရှိခဲ့တယ်။ လူတွေဆိုရင် သူ့ကို အဲရစ်ကန်တိုနာနဲ့တောင် နှိုင်းယှဉ်နေတာတွေရှိတယ်။ ဒါပေမဲ့ ဒီညမှာတော့ သူဘာမှမယ်မယ်ရရ မလုပ်ပြနိုင်ခဲ့ပါဘူး”

” ထိပ်တန်းကစားသမာတွေဆိုတာ ပွဲကောင်းတွေမှာအလှည့်အပြောင်းလုပ်နိုင်တယ်။ ဒါက ကန်တိုနာအမြဲအသားကျနေတဲ့အရာမျိုး၊ သူတို့ခေတ်တုန်းကလည်း ဖလားတွေဆက်တိုက်သိမ်းပိုက်ခဲ့တာပဲ။ အခုအသင်းကတော့ ရေတိုသဘောမျိုးပဲ ရှိနေတာမျိုး။ သူတို့ လူကောင်းတယောက်နှစ်ယောက်လောက်ကို အသင်းထဲထပ်ထည့်ဖို့လိုတယ်။’

” ဒါက သံသယဖြစ်စရာကိုမလိုတာ။ သူတို့လိုနေတာ ဆီးမီးဖိုင်နယ်ဆိုတဲ့မျဉ်းကိုကျော်ဖြတ်သွားမယ့် တိုက်ပွဲဝင်စိတ်အပြည့်ရှိနေတဲ့ ကစားသမားတွေပေါ့’ လို့ဖြေကြားခဲ့ပါတယ်။ ရွိုင်ကိန်းက ဖာနန်ဒက်အပေါ် အင်မတန်ချီးကျူးနေတဲ့အချက်ကို မန်စီးတီးပွဲအပြီးပေါ်တင်ဝေဖန်ခဲ့တာပါ။ တကယ်လည်း ဖာနန်ဒက်ဟာ ဒီဘရိုင်းနဲ့ရင်ဆိုင်အတွေ့မှာ ဒီဘရိုင်းလောက်ခြေစွမ်းမပြနိုင်ခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar