ပရီးမီးယားလိဂ်လစာအများဆုံး အမှုဆောင်ချုပ်ဖြစ်လာတဲ့ အက်ဝုဒ်ဝုက်

မန်ယူနိုက်တက်အသင်းရဲ့ပဲ့ကိုင်ရှင်တဖြစ်လည်း အသင်းရဲ့လုပ်ပိုင်ခွင့်အပြည့်ရှိတဲ့ဥက္ကဌ အက်ဝုဒ်ဟာ ပရီးမီးယားလိဂ်ရဲ့လစာအများဆုံးအဖြစ် ရပ်တည်လာပြီလို့သိရပါတယ်။ အရင်ဥက္ကဌတွေထဲမှာ လစာအများဆုံးယူထားတဲ့ စပါးဥက္ကဌလာဗေးထက်သာလွန်သွားခဲ့တာလည်းဖြစ်ပါတယ်။

အင်းဒီပန်းဒန့်သတင်းဌာနကဖော်ပြခဲ့တဲ့သတင်းအရ အက်ဝုဒ်ကို ခန့်မှန်းခြေလစာ စုစုပေါင်း ပေါင် ၃.၀၉ သန်းအထိပေးချေခဲ့ပါတယ်။ (၂၀၁၈-၁၉)ရာသီတုန်းကထက် နည်းပါးတဲ့ငွေကြေးဖြစ်ပေမဲ့ ထိပ်တန်းကလပ်တွေကြား အက်ဝုက်ဟာ လစာအများဆုံးရခဲ့တဲ့ ဥက္ကဌအဖြစ်ရပ် ရှိခဲ့ပါတယ်။

(၂၀၁၃)မှာအသင်းကိုရောက်လာပြီးချိန် အသင်းရဲ့စီမံခန့်ခွဲမှု အလုံးစုံကိုတာဝန်ယူခဲ့ပါတယ်။ ကပ်ရောဂါကာလအတွင်း လစာရဲ့စုစုပေါင်း ၂၀ ရာခိုင်နှုန်းအထိလျှော့ယူခဲ့ပြီး၊ အရင်ရခဲ့တဲ့ ပေါင် (၃.၁၆)သန်းကနေ ပေါင် (၃.၀၉)သန်းပဲရတော့တဲ့အထိ ဝင်ငွေကျဆင်းခဲ့ပါတယ်။

ဒါဟာ စပါးဥက္ကဌလာဗေးပြီးခဲ့တဲ့နှစ်က ရခဲ့တဲ့ပမာဏ ပေါင် ၂.၉၆ သန်းထက် များပြားနေခဲ့တာပါ။ လာဗေးဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့လစာအများဆုံးဥက္ကဌဖြစ်ပေမဲ့ ပြီးခဲ့တဲ့စပါးအကြပ်အတည်းကြုံခဲ့ရခြင်းနဲ့အတူ ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေကျဆင်းခဲ့တာဖြစ်ပါတယ်။

အက်ဝုဒ်ကတော့ ပရီးမီးယားလိဂ်ကို သူရောက်လာပြီး၊ မန်ယူနိုက်တက်မှာ လစာရလာတာဟာ ဝင်ငွေစုစုပေါင်း ပေါင် ၆.၇၈ သန်းအထိ ရရှိပြီးပြီလို့ဆိုပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာတော့ မည်မည်ရရလုပ်ဆောင်ထားနိုင်တာမျိုးမရှိသေးဘဲ မနှစ်က ကပ်ရောဂါကာလအတွင်း ပေါင်သန်း (၇၀)လောက်အထိ အရှုံးပေါ်ခဲ့တယ်လို့သိရပါတယ်။

AZ-SportsGabar