တနှစ်ထဲ ဆီးမီးဖိုင်နယ် (၄)ခါပြုတ်တဲ့ စံချိန်သစ်ပိုင်ဆိုင်သွားတဲ့ဆိုးလ်ရှား

ကာရာဘောင်ဖလား ဆီးမီးဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီက (ဝ-၂)နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။ မန်စီးတီးရဲ့ဖာနန်ဒင်ဟို၊ ဂျွန်စတုန်းတို့သွင်းဂိုးတွေက ခြေစွာနေတဲ့ မန်ယူနိုက်တက်ကို ငြိမ်သွားစေခဲ့ပြီး၊ ကာရာဘောင်ဖလားဖိုင်နယ်ကို တက်ရောက်သွားစေခဲ့ပါတယ်။

ဖိုင်နယမှာအသင်းစောင့်နေတဲ့ စပါးနဲ့တွေ့ဆုံတော့မယ့်အပြင် မန်စီးတီးဟာ ကာရာဘောင်ဖိုင်နယ်ကို လေးနှစ်ဆက်တက်နိုင်တဲ့ ဒုတိယအသင်းဖြစ်လာခဲ့ပါတယ်။ ပတ်ဂွါဒီယိုလာမတိုင်ခင်မှာ လီဗာပူးက ၁၉၈၁-၈၄ ကာလတွေမှာ အရင်ဆုံးစံချိန်တင်ထားနိုင်တဲ့အတွက် လီဗာပူးပြီးနဲ့အတူ မန်စီးတီးတို့ စံချိန်တူခဲ့တာပါ။

ပတ်ဂွါဒီယိုလာအတွက် အခုလို စံချိန်ကောင်းတွေရခဲ့ပေမဲ့ တဖက်ကဆိုးလ်ရှားအတွက် ရလဒ်တွေက မကောင်းခဲ့ပါဘူး။ ဆိုးလ်ရှားဟာ သူ့လက်ထက်ဆီးမီးဖိုင်နယ် လေးကြိမ်တက်ရာမှာ လေးကြိမ်လုံးဆီးမီးအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ မနှစ်က ကာရာဘောင် ဆီးမီးမှာ မန်စီးတီးကို ရှုံးထားသလို ကြားထဲမှာ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားကိုလည်း ပြုတ်ထားဖူးပါတယ်။

ဆီဗီးလားနဲ့ ယူရိုပါလိဂ်၊ ချဲလ်ဆီးနဲ့အက်ဖ်အေဖလားကို ရှုံနိမ့်ထားအပြီး၊ အခုတခေါက်မှာလည်း မန်စီးတီးကိုထပ်ရှုံးခဲ့ပါတယ်။ တနှစ်ထဲလေးခါပြုတ်တဲ့ စံချိန်ကိုပိုငဆိုင်အပြီးမှာတော့ မန်ယူနိုက်တက်ဟာ မန်စီးတီးကိုနောက်ဆုံးတွေ့တဲ့ ၁၅ ပွဲမှာလည်း ၃ ပွဲပဲနိုင်တဲ့အထိမှတ်တမ်းရှိလာပါတယ်။

ပွဲချိန်တွင်းထူးခြားစံချိန်တွေအဖြစ် ဂိုးသွင်းခဲ့တဲ့ ဖာနန်ဒင်ဟိုဟာ လမ်းပတ်နောက်ပိုင်းအသက်အကြီးဆုံးဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ မတူညီတဲ့ဂိုးသွင်းတဲ့ကစားသမား ၁၆ ယောက်အထိဒီနှစ်မန်စီးတီးအတွက်သွင်းပေးထားပြီး၊ ဒါဟာ လက်ရှိဥရောပကလပ်တွေထဲမှာ အများဆုံးဂိုးသွင်းကစားသမားရှိတဲ့အသင်းဖြစ်လာခဲ့ပါတယ်။

AZ-SportsGabar