အသင်းဖော်ကိုစေ့စပ်လိုက်တဲ့ ကမ္ဘာ့ခြောက်ထပ်ကွမ်းအကောင်းဆုံးဆုရှင် မာတာ

အော်လန်ဒို ပရိုက်ဒ်အသင်းမှာကစားနေတဲ့ ဘရာဇီးလ်စတား မာတာဟာ သူ့အသင်းဖော်ကိုစေ့စပ်လိုက်ပါတယ်။ အသင်းဖော်တိုနီဒီယွန်နဲ့ ကလပ်မှာကစားနေရင်း ချစ်ကျွမ်းဝင်သွားတဲ့အပေါ် မာတာတယောက် စေ့စပ်လိုက်ပြီး၊ စေ့စပ်လိုက်တဲ့အကြောင်းကို ဖော်လိုဝါ ၂.၃သန်းလောက်ရှိတဲ့ အင်စတာဂရမ်အကောင့်မှာတင်ခဲ့ပါတယ်။

” ကျွန်မတို့အတူတကွရေးတော့မယ့် ဘဝရဲ့နောက်ထပ် အခန်းသစ်တခုပါ” လို့ရေးတင်ခဲ့ကာ စေ့စပ်ထားတဲ့ပုံလည်းတင်ခဲ့ပါတယ်။ ဒီစုံတွဲစတွေ့ခဲ့တာက ၂၀၁၇ မှာ အော်လန်ဒိုဘလွန်းအသင်းနဲ့စတင်းခဲ့တာပါ။ နောက်ထပ် ၂ နှစ်လောက်အကြာမှာတော့ သူတို့တွဲနေပြီဖြစ်တယ်လို့ တရားဝင်ဖွင့်ဟခဲ့ပါတယ်။

အသင်းဖော် ဒီယွန်နဲ့အတူတူ နှစ်ယောက်တွဲကစားရင်း ချစ်နေရင်းနောက်မှာ တရားဝင်စေ့စပ်လိုက်ပြီး၊ ၂၀၂၁ အမျိုးသမီးစူပါလိဂ်မတိုင်ခင်မှာပဲ လက်ထပ်မယ်လို့ နယူးချိန်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားဆု ခြောက်ထပ်ကွမ်းရထားတဲ့ မာတာဟာ အမျိုးသမီးဘောလုံးလောက်မှာတော့ စံထားရသူပါ။

ကမ္ဘာ့ဖလားမှာလည်း ၁၇ ဂိုးအထိသွင်းထားပြီး၊ အများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသလို ဖီဖာကကျင်းပတဲ့ အမျိုးသမီး ပြိုင်ပွဲငါးခုလုံးမှာ ဂိုးသွင်းနိုင်တဲ့ တဦးတည်းသောကစားသမားလည်းဖြစ်ပါတယ်။ အခုလိုမျိုး ပုံရိပ်ကြီး ကစားသမားက အသင်းဖော်ကိုလက်ထပ်လိုက်တဲ့အပေါ် ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းကလည်း ဂုဏ်ပြုခဲ့ပါတယ်။

အော်လန်ဒိုပရိုက်ဒ်အသင်းပါဝင်ကစားနေတဲ့ NWSL လိဂ်က မေလလယ်လောက်မှာမှ ပြန်စမှာဖြစ်တဲ့အတွက် မာတာနဲ့ ဒီယွန်တို့နှစ်ဦး၊ လာမယ့်လတွေအတွင်း
လက်ထပ်တော့ဖို့ရှိနေပါတယ်။

AZ-SportsGabar