ဖီဖာအမ်ိဳးသမီးကမာၻဖလားျပိဳင္ပြဲအေၾကာင္းသိေကာင္းစရာမ်ား(၁)

ေဘာလံုးပရိသတ္ေတြအေနနဲ႔ အမ်ိဳးသားေဘာလံုးျပိဳင္ပြဲေတြအေၾကာင္းကိုေတာ္ေတာ္မ်ားမ်ားသိၾကေပမဲ့ အမ်ိဳးသမီးေတြကန္တဲ့ေဘာလံုးျပိဳင္ပြဲေတြနဲ႔ပက္သက္လို႔ေတာ့ မသိေသးတဲ့ အေၾကာင္းအရာ ေတြေတာ္ေတာ္မ်ားမ်ားရွိၾကပါလိမ့္မယ္။ ဒါေၾကာင့္ ပရိသတ္ေတြအတြက္ ဖီဖာအမ်ိဳးသမီးကမာၻဖလားျပိဳင္ပြဲအေၾကာင္းကို ဗဟုသုတအေနနဲ႔ အနည္းငယ္တင္ျပေပးခ်င္ပါတယ္။

ဖီဖာဟာ အမ်ိဳးသားကမာၻ႔ဖလားျပိဳင္ပြဲလိုပဲ အမ်ိဳးသမီးကမာၻ႔ဖလားျပိဳင္ပြဲကိုလည္း (၄)ႏွစ္ တစ္ၾကိမ္က်င္းပခဲ့ပါတယ္။ ဖီဖာအမ်ိဳးသမီးကမာၻဖလားျပိဳင္ပြဲကို (၁၉၉၁)ခုႏွစ္မွာ စတင္က်င္းပခဲ့တာျဖစ္ျပီး၊ တရုတ္ႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ပါတယ္။ စတင္က်င္းပတဲ့ ႏွစ္မွာ ျပိဳင္ပြဲ၀င္အသင္းေပါင္း (၁၂)သင္းပါ၀င္ယွဥ္ျပိဳင္ခဲ့ျပီး၊ ေနာက္ဆံုးဗိုလ္လုပြဲကို အေမရိကန္အမ်ိဳးသမီအသင္းနဲ႔ ေနာ္ေ၀အမ်ိဳးသမီးအသင္းတို႔ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဗိုလ္လုပြဲမွာေတာ့ အေမရီကန္အမ်ိဳးသမီးအသင္းက ေနာ္ေ၀အမ်ိဳးသမီးအသင္းကို (၂)ဂိုး(၁)ဂိုးနဲ႔ အႏိုင္ရခဲ့ျပီး ပထမဆံုး အမ်ိဳးသမီးကမာၻ႔ဖလားကို ကိုင္ေျမွာက္ႏိုင္တဲ့အသင္းအျဖစ္မွတ္တမ္း၀င္ခဲ့ပါတယ္။ အမ်ိဳးသမီးကမာၻဖလားျပိဳင္ပြဲကို(၇)ၾကိမ္အထိက်င္းပျပီးစီးခဲ့ျပီျဖစ္ျပီး၊ အိမ္ရွင္ႏိုင္ငံေတြအျဖစ္ (၁၉၉၁)နဲ႔(၂၀၀၇)ခုႏွစ္ေတြမွာတရုတ္၊(၁၉၉၅)ခုႏွစ္မွာ ဆြီဒင္၊ (၁၉၉၉)ခုႏွစ္နဲ႔ (၂၀၀၃)ခုႏွစ္ေတြမွာ အေမရိကန္၊ (၂၀၁၁)ခုႏွစ္မွာဂ်ာမနီ၊ (၂၀၁၅)ခုႏွစ္မွာကေနဒါ စတဲ့ႏိုင္ငံအသီးသီးက လက္ခံက်င္းပခြင့္ရခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံမွာက်င္းပတဲ့ (၁၉၉၉)ခုႏွစ္ ျပိဳင္ပြဲမွာေတာ့ အသင္းေပါင္း (၁၆)သင္းအထိ တိုးျမွင့္ခဲ့ျပီး၊ (၂၀၁၅)ခုႏွစ္ကေနဒါကမာၻဖလားမွာေတာ့ အသင္းေပါင္း (၂၄)သင္းအထိ ထပ္မံတိုးျမွင့္ခဲ့ပါတယ္။ အမ်ိဳးသမီးကမာၻဖလားကို အေမရိကန္အမ်ိဳးသမီးအသင္းက စုစုေပါင္း (၃)ၾကိမ္နဲ႔ အမ်ားဆံုးဗိုလ္စြဲထားခဲ့ျပီး၊ သူ႔ေနာက္မွာေတာ့ ဂ်ာမနီ (၂)ၾကိမ္၊ ေနာ္ေ၀နဲ႔ဂ်ပန္တို႔က (၁)ၾကိမ္စီနဲ႔ အစဥ္လိုက္ရပ္တည္ေနပါတယ္။

ထူးျခားခ်က္အေနနဲ႔ ဘရာဇီးလ္အမ်ိဳးသမီးအသင္းဟာ ကမာၻ႔ဖလားကို တစ္ၾကိမ္မွ ရယူထားႏိုင္ခဲ့ျခင္းမရွိပဲ သူတို႔အတြက္အျမင့္ဆံုးေအာင္ျမင္မႈက (၂၀၀၇)ခုႏွစ္မွာ ဒုတိယ ရခဲ့တာပဲျဖစ္ပါတယ္။ တစ္ဦးခ်င္းအေနနဲ႔ကေတာ့ ဘရာဇီးလ္ကစားသမား မာတာက ကမာၻ႔ဖလားသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆံုးသြင္းယူသူအျဖစ္ သြင္းဂိုး (၁၅)ဂိုးနဲ႔ ထိပ္ဆံုးမွာ ရပ္တည္ထားႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဖီဖာအမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲအကြောင်းသိကောင်းစရာများ(၁)

ဘောလုံးပရိသတ်တွေအနေနဲ့ အမျိုးသားဘောလုံးပြိုင်ပွဲတွေအကြောင်းကိုတော်တော်များများသိကြပေမဲ့ အမျိုးသမီးတွေကန်တဲ့ဘောလုံးပြိုင်ပွဲတွေနဲ့ပက်သက်လို့တော့ မသိသေးတဲ့ အကြောင်းအရာ တွေတော်တော်များများရှိကြပါလိမ့်မယ်။ ဒါကြောင့် ပရိသတ်တွေအတွက် ဖီဖာအမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲအကြောင်းကို ဗဟုသုတအနေနဲ့ အနည်းငယ်တင်ပြပေးချင်ပါတယ်။

ဖီဖာဟာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲလိုပဲ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း (၄)နှစ် တစ်ကြိမ်ကျင်းပခဲ့ပါတယ်။ ဖီဖာအမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကို (၁၉၉၁)ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး၊ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါတယ်။ စတင်ကျင်းပတဲ့ နှစ်မှာ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၂)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ နောက်ဆုံးဗိုလ်လုပွဲကို အမေရိကန်အမျိုးသမီအသင်းနဲ့ နော်ဝေအမျိုးသမီးအသင်းတို့ တက်ရောက်နိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာတော့ အမေရီကန်အမျိုးသမီးအသင်းက နော်ဝေအမျိုးသမီးအသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပထမဆုံး အမျိုးသမီးကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်တဲ့အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကို(၇)ကြိမ်အထိကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး၊ အိမ်ရှင်နိုင်ငံတွေအဖြစ် (၁၉၉၁)နဲ့(၂၀၀၇)ခုနှစ်တွေမှာတရုတ်၊(၁၉၉၅)ခုနှစ်မှာ ဆွီဒင်၊ (၁၉၉၉)ခုနှစ်နဲ့ (၂၀၀၃)ခုနှစ်တွေမှာ အမေရိကန်၊ (၂၀၁၁)ခုနှစ်မှာဂျာမနီ၊ (၂၀၁၅)ခုနှစ်မှာကနေဒါ စတဲ့နိုင်ငံအသီးသီးက လက်ခံကျင်းပခွင့်ရခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာကျင်းပတဲ့ (၁၉၉၉)ခုနှစ် ပြိုင်ပွဲမှာတော့ အသင်းပေါင်း (၁၆)သင်းအထိ တိုးမြှင့်ခဲ့ပြီး၊ (၂၀၁၅)ခုနှစ်ကနေဒါကမ္ဘာဖလားမှာတော့ အသင်းပေါင်း (၂၄)သင်းအထိ ထပ်မံတိုးမြှင့်ခဲ့ပါတယ်။ အမျိုးသမီးကမ္ဘာဖလားကို အမေရိကန်အမျိုးသမီးအသင်းက စုစုပေါင်း (၃)ကြိမ်နဲ့ အများဆုံးဗိုလ်စွဲထားခဲ့ပြီး၊ သူ့နောက်မှာတော့ ဂျာမနီ (၂)ကြိမ်၊ နော်ဝေနဲ့ဂျပန်တို့က (၁)ကြိမ်စီနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။

ထူးခြားချက်အနေနဲ့ ဘရာဇီးလ်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားကို တစ်ကြိမ်မှ ရယူထားနိုင်ခဲ့ခြင်းမရှိပဲ သူတို့အတွက်အမြင့်ဆုံးအောင်မြင်မှုက (၂၀၀၇)ခုနှစ်မှာ ဒုတိယ ရခဲ့တာပဲဖြစ်ပါတယ်။ တစ်ဦးချင်းအနေနဲ့ကတော့ ဘရာဇီးလ်ကစားသမား မာတာက ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူအဖြစ် သွင်းဂိုး (၁၅)ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar