လွဲချော်မှုတွေအများကြီးရှိနေပေမဲ့ ဂိုးပေါက်ဖြုန်းတီးမှု အဆင့်လေးပဲရှိသေးတဲ့ တီမိုဝါနာ

ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကို လတ်တလောမှာ ဝေဖန်မှုမြင့်တက်နေပါတယ်။ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးမှု လွဲချော်လွန်းသူအဖြစ် သတ်မှတ်နေကြပြီး၊ ဝါနာဟာ ပရီးမီးယားလိဂ် ဂိုးပေါက်ဖြုန်းတီးသူ ထိပ်တန်းအဆင့်ကစားသမားထဲမှာ ပါတယ်လို့ ဆိုနေကြပါတယ်။ တကယ်လည်း ဒီသုံးသပ်ချက်တွေ မှန်ကန်ကြောင်းကို GivemeSports ကနေ စာရင်းပြုစုခဲ့ပါတယ်။

ပြုစုခဲ့တဲ့စာရင်းအရ တီမိုဝါနာဟာ ပရီးမီးယားလိဂ်ဂိုးပေါက်ဖြုန်းတီမှုမှာ အဆင့်လေးပဲရှိသေးပါတယ်။ အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ်ဖြုန်းတီးသူ (၆)ယောက်စာရင်းမှာ လိဒ်တိုက်စစ်မှူး ဘန်းဖို့ဒ်ကဦးဆောင်ခဲ့ပြီး၊ ကျန်တဲ့ နာမည်ကြီး ပရီးမီးယားလိဂ်ကစားသမားတွေက အစဉ်လိုက်ပါဝင်ခဲ့ပါတယ်။ (၆) ရက်ရှ်ဖို့ဒ်၊ အိုလီဗာ မက်ဘရူနီ၊ မာနေး၊

ဖာမီနို၊ ချီအဒမ်တို့က ဂိုးပေါက်ဖြုန်းတီးမှု ၇ ကြိမ်စီ၊ (၄)ကလဲဗက်ဝေင်၊ တီမိုဝါနာက (၈)ကြိမ်စီ၊ (၃) ဝက်ကင်းက ၁၀ ကြိမ်၊ (၁)ခရစ်ဝုဒ်နဲ့ ဘန်းဖို့ဒ်က ၁၂ ကြိမ်စီနဲ့ အသီးသီးရှိနေပါတယ်။ အစဉ်လိုက်စီစဉ်လိုက်ရင် တီမိုဝါနာနဲ့ ကလဲဗက်လေဝင်က ၈ ကြိမ်စီတူပေမဲ့ ဝါနာက သွင်းဂိုး ၄ ဂိုးပဲရထားချိန်မှာ ကလဲဗက်လေဝင်က ၁၁ ဂိုးအထိရှိထားပါတယ်။

ဘန်းဖို့ဒ်ကလည်း ၁၂ ကြိမ် လွဲချော်ထားပေမဲ့ ၁၀ ဂိုးအထိ ပြန်ရှာဖွေပေးထားပါတယ်။ ဒါဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့အတူတူပါ။ ကျန်တဲ့ ကစားသမားတွေလည်း သက်ဆိုင်ရာအသင်းတွေအတွက် ဂိုးတွေရထားပေမဲ့ တီမိုဝါနာလို ပြောင်းပြန်အချိုးကျတဲ့တိုက်စစ်မှူးတော့ မရှိသေးပါဘူး။ လေးဂိုးရထားချိန်မှာ ရှစ်ကြိမ်အထိ ဂိုးပေါက်ကို ဖြုန်းတီးထားတာဖြစ်ပါတယ်။

ဝါနာဟာ ပရီးမီးယားလိဂ်မှာ အခုလိုဖြုန်းတီးတာတွေအတွက် နာမည်ကြီးနေရတာက အကြောင်းရှိပါတယ်။ ချဲလ်ဆီးကို လစ်ဇစ်ကနေ ပြောင်းမလာခင်မှာ တရာသီတည်း ၃၄ ဂိုးအထိသွင်းခဲ့သူဖြစ်ပါတယ်။ ပေါင် ၄၇.၅ သန်းနဲ့ရောက်လာပြီးနောက်မှာ အခုလိုခြေစွမ်းမျိုး အားလုံးကထပ်မျှော်လင့်ခဲ့ပေမဲ့ ၂၄ နှစ်သားဟာ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ ရုန်းကန်နေရတာကို အခုလိုအချက်အလက်တွေက သက်သေပြနေပါတယ်။

AZ-SportsGabar