ဘလြန္းဒီေအာ္(၂၀၁၉)ဆုကိုဗန္ဒိုက္ဘာေၾကာင့္ရသြားႏိုင္တာလဲ

လီဗာပူးလ္အသင္းရဲ႕ေနာက္ခံလူ ဗာဂ်ယ္ဗန္ဒိုက္ဟာ ဒီရာသီမွာလီဗာပူးလ္အသင္းနဲ႔အတူ ေတာက္ပတ့ဲေျခစြမ္းေတြျပသထားႏိုင္ခ့ဲပါတယ္။ ဗန္ဒိုက္ဟာ (၂၀၁၉) ခုႏွစ္ဘလြန္းဒီေအာ္ဆုအတြက္ ေရပန္းအစားဆံုးကစားသမားတစ္ဦးလည္းျဖစ္ေနပါတယ္။

ဗန္ဒိုက္ဟာ လီဗာပူးလ္အသင္းကိုျပီးခ့ဲတ့ဲ (၂၀၁၇-၁၈)ေဘာလံုးရာသီကလီဗာပူးလ္အသင္းကို ေရာက္ရွိခ့ဲတာျဖစ္ျပီး၊ မႏွစ္က လီဗာပူးလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖိုင္နယ္ကိုတက္ေရာက္ႏိုင္ခ့ဲေပမ့ဲလည္း ရီးရဲလ္အသင္းကိုရံႈးနိမ့္ျပီး၊ ဒုတိယေနရာနဲ႔သာေက်နပ္ခ့ဲရတာျဖစ္ပါတယ္။ ဒီႏွစ္မွာလည္း လီဗာပူးလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို(၂)ႏွစ္ဆက္တိုက္တက္ေရာက္ႏိုင္ခ့ဲျပီး၊ ဒီတစ္ခါမွာေတာ့ စပါးအသင္းကိုအႏိုင္ယူကာ အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကိုကိုင္ေျမွာက္ႏိုင္ခ့ဲပါတယ္။

ဒီရာသီမွာေတာ့ ဗန္ဒိုက္ဟာ အန္ဖီးကြင္းမွာ သူ႔ရဲ႕နာမည္က်န္ရစ္ေစႏိုင္ေလာက္တ့ဲအထိ ေျခစြမ္းေတြျပသထားႏိုင္ခ့ဲတာေၾကာင့္ (၂၀၁၈-၁၉)ေဘာလံုးရာသီဟာ ဗန္ဒိုက္ရဲ႕ႏွစ္လို႔ေတာင္ေျပာလို႔ရပါတယ္။ လီဗာပူးလ္နဲ႔အတူေတာက္ပလာခ့ဲျပီး၊ ကမာၻ႕အေကာင္းဆံုးခံစစ္မွဴးေတြထဲကတစ္ေယာက္အျဖစ္ ဥေရာပေဘာလံုးေလာကမွာ ဆရာက်တ့ဲ ခံစစ္မွဴးတစ္ေယာက္ျဖစ္လာခ့ဲပါတယ္။

လီဗာပူးလ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာေပးဂိုး(၂၂)ဂိုးသာရွိခ့ဲျပီး၊ ဒီပမာဏဟာ လာလီဂါ၊ ဘြန္ဒက္လီဂါ၊ ျပင္သစ္လီဂူးတစ္၊ စီးရီးေအနဲ႔ ပရီးမီးယားလိဂ္ အစရွိတ့ဲ ဥေရာပထိပ္တန္းလိဂ္ငါးခုမွာ အနည္းဆံုးပမာဏျဖစ္ခ့ဲပါတယ္။ ဒီလိုစြမ္းေဆာင္မႈေတြအတြက္ ဗန္ဒိုက္ဟာ အဓိကတာ၀န္ရွိတ့ဲသူျဖစ္ျပီး၊ ဗန္ဒိုက္ရဲ႕စြမ္းေဆာင္ရည္ေတြက အဓိကက်ခ့ဲတာပါ။

ဗန္ဒိုက္ဟာ ပီအက္ေအတစ္ႏွစ္တာအေကာင္းဆံုးကစားဆုကိုလည္းရရွိခ့ဲပါတယ္။ ဗန္ဒိုက္ကလက္ရွိမွာေတာ့ ဘလြန္းဒီေအာ္ဆုအတြက္ ေရပန္းအစားဆံုးကစားသမားအျဖစ္ရပ္တည္လ်က္ရွိေနပါတယ္။ ဗန္ဒိုက္ရဲ႕စြမ္းေဆာင္ရည္ေတြနဲ႔ လီဗာပူးလ္နဲ႔အတူရရွိခ့ဲတ့ဲ ေအာင္ျမင္မႈေတြက ဗန္ဒိုက္တစ္ေယာက္ (၂၀၁၉)ဘလြန္းဒီေအာ္ဆုကိုရရွိသြားႏိုင္ဖို႔ အေကာင္းဆံုးအေျခအေနတစ္ရပ္ကိုပိုင္ဆိုင္လ်က္ရွိေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘလွန်းဒီအော်(၂၀၁၉)ဆုကိုဗန်ဒိုက်ဘာကြောင့်ရသွားနိုင်တာလဲ

လီဗာပူးလ်အသင်းရဲ့နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ဟာ ဒီရာသီမှာလီဗာပူးလ်အသင်းနဲ့အတူ တောက်ပတဲ့ခြေစွမ်းတွေပြသထားနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ (၂၀၁၉) ခုနှစ်ဘလွန်းဒီအော်ဆုအတွက် ရေပန်းအစားဆုံးကစားသမားတစ်ဦးလည်းဖြစ်နေပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကိုပြီးခဲ့တဲ့ (၂၀၁၇-၁၈)ဘောလုံးရာသီကလီဗာပူးလ်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး၊ မနှစ်က လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပေမဲ့လည်း ရီးရဲလ်အသင်းကိုရှုံးနိမ့်ပြီး၊ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်ကို(၂)နှစ်ဆက်တိုက်တက်ရောက်နိုင်ခဲ့ပြီး၊ ဒီတစ်ခါမှာတော့ စပါးအသင်းကိုအနိုင်ယူကာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ ဗန်ဒိုက်ဟာ အန်ဖီးကွင်းမှာ သူ့ရဲ့နာမည်ကျန်ရစ်စေနိုင်လောက်တဲ့အထိ ခြေစွမ်းတွေပြသထားနိုင်ခဲ့တာကြောင့် (၂၀၁၈-၁၉)ဘောလုံးရာသီဟာ ဗန်ဒိုက်ရဲ့နှစ်လို့တောင်ပြောလို့ရပါတယ်။ လီဗာပူးလ်နဲ့အတူတောက်ပလာခဲ့ပြီး၊ ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးတွေထဲကတစ်ယောက်အဖြစ် ဥရောပဘောလုံးလောကမှာ ဆရာကျတဲ့ ခံစစ်မှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

လီဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာပေးဂိုး(၂၂)ဂိုးသာရှိခဲ့ပြီး၊ ဒီပမာဏဟာ လာလီဂါ၊ ဘွန်ဒက်လီဂါ၊ ပြင်သစ်လီဂူးတစ်၊ စီးရီးအေနဲ့ ပရီးမီးယားလိဂ် အစရှိတဲ့ ဥရောပထိပ်တန်းလိဂ်ငါးခုမှာ အနည်းဆုံးပမာဏဖြစ်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်မှုတွေအတွက် ဗန်ဒိုက်ဟာ အဓိကတာဝန်ရှိတဲ့သူဖြစ်ပြီး၊ ဗန်ဒိုက်ရဲ့စွမ်းဆောင်ရည်တွေက အဓိကကျခဲ့တာပါ။

ဗန်ဒိုက်ဟာ ပီအက်အေတစ်နှစ်တာအကောင်းဆုံးကစားဆုကိုလည်းရရှိခဲ့ပါတယ်။ ဗန်ဒိုက်ကလက်ရှိမှာတော့ ဘလွန်းဒီအော်ဆုအတွက် ရေပန်းအစားဆုံးကစားသမားအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ ဗန်ဒိုက်ရဲ့စွမ်းဆောင်ရည်တွေနဲ့ လီဗာပူးလ်နဲ့အတူရရှိခဲ့တဲ့ အောင်မှုတွေက ဗန်ဒိုက်တစ်ယောက် (၂၀၁၉)ဘလွန်းဒီအော်ဆုကိုရရှိသွားနိုင်ဖို့ အကောင်းဆုံးအခြေအနေတစ်ရပ်ကိုပိုင်ဆိုင်လျက်ရှိနေပါတယ်။

Sirဇော်ကြီး@SportsGabar