လာလီဂါခံစစ်ဂုရုကြီးကို အလွတ်ကြေးနဲ့ ဆွဲစိနိုင်တော့မယ့် မန်စီးတီး

ရူဘင်ဒီယက်၊ နသန်အကီတို့ကိုအားဖြည့်ထားတာမှ အားမရသေးတဲ့ မန်စီးတီးဟာ လာလီဂါရဲ့ဂုရုကြီးတပါးကို ချဉ်းကပ်နေပါတယ်။ ကောလာဟလတွေအဖြစ်ကနေ တဖြည်းဖြည်းနဲ့အသံကျယ်လောင်ချိန်မှာ ESPN သတင်းဌာနကနေ ပါဖော်ပြလာပြီး၊ မန်စီးတီးဟာ ရာမို့စ်နဲ့ သဘောတူညီမှုရတော့မယ်လို့သိရပါတယ်။

ဖော်ပြချက်အရ ရာမို့စ်နဲ့ရီးရဲလ်ဟာ စာချုပ်သစ်ချုပ်ဖို့အဆင်မပြေဖြစ်နေပါတယ်။ ရာမို့စ်က အသင်းနဲ့အတူ နှစ်နှစ်စာချုပ်ချုပ်ဆိုဖို့ တောင်းဆိုထားပေမဲ့ ရီးရဲလ်က ရာမို့စ်ကို တနှစ်ပဲချုပ်ဆိုဖို့ အလိုရှိနေပါတယ်။ ရီးရဲလ်ရဲ့ ပေါ်လစီအရလည်း အသက် ၃၂ နှစ်အထက် ကစားသမားတွေကို တနှစ်ထက်စာချုပ်ပိုမချုပ်ရတာကြောင့် ရာမို့စ်ဟာအဆင်မပြေပါဘူး။

လက်ရှိကပ္ပတိန်လည်းဖြစ်၊ ရီးရဲလ်ရဲ့အဓိက ကျောက်ဆောင်လည်းဖြစ်နေတဲ့ ရာမို့စ်တယောက် အခုလိုဖြစ်လာချိန်မှာ အသင်းကထွက်ခွာဖို့ ပြင်ဆင်ခဲ့ပါတယ်။ ကမ်းလှမ်းတဲ့အသင်းတွေများပြားခဲ့ပေမဲ့ ပယ်ချခဲ့အပြီး၊ နောက်ဆုံးမှာ မန်စီးတီးက ကစားပွဲထဲပါလာခဲ့ပါတယ်။ ရာသီကုန်ရင် အလွတ်ကြေးနဲ့ဖြစ်တော့မယ့် မန်စီးတီးအတွက် ရာမို့စ်ကို ညှိနှိုင်းရတာသိပ်မခက်ခဲ့ပါဘူး။

ကစားသမားဖက်က တောင်းဆိုတဲ့အချက်တွေကို မန်စီးတီးက လက်ခံစဉ်းစားထားပြီး၊ နည်းပြ ဂွါဒီယိုလာကိုယ်တိုင် ထောက်ခံမှုနဲ့ နွေရာသီမှာပဲရောက်လာဖို့ရှိနေပါတယ်။ ဒါပေမဲ့ ESPN ရဲ့ ဖော်ပြချှက်မှာ ထူးဆန်းတဲ့အချက်က ရာမို့စ်ရဲ့တောင်းဆိုချက်မှာ လက်ရှိလုပ်ခလစာထက်ပိုများတဲ့ ပမာဏကိုပဲ အလိုရှိနေတယ်လို့ သိရပါတယ်။

နည်းပြဇီးဒန်းက အခုလိုသတင်းထွက်လာတဲ့အပေါ် ကျွန်တော်တို့အားလုံး ရာမို့စ်ကို စာချုပ်ဖို့အလိုရှိနေပါတယ်။ ညှိနှိုင်းနေဆဲပါလို့ ဝန်ခံထားတဲ့အတွက် ရာမို့စ်အနေနဲ့စာချုပ်လုံးဝအဆင်မပြေသေးတာကို ခန့်မှန်းနိုင်ပါတယ်။ မန်စီးတီးက ရာမို့စ်တောင်းဆိုတဲ့ ပမာဏကို ပေးချေနိုင်ခဲ့ရင် နွေရာသီမှာပဲ ခေါ်ယူနိုင်မှာဖြစ်တဲ့အပေါ် ရောက်လာတော့မယ်လို့ စပိန်သတင်းဌာနတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

AZ-SportsGabar