နံနက်ပိုင်းအားကစားသတင်းတိုများ (၅.၁.၂၀၂၀)

အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေတဲ့ လီဗာပူးအသင်းကို အိမ်ရှင်ဆောက်သမ်တန်အသင်းက (၁-ဝ)နဲ့အတူ အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ တိုက်စစ်မှူး ဒန်နီရယ်အင်း ဆောက်သမ်တန်အတွက်ဂိုးရယူပေးခဲ့ပြီး၊ အသင်းဟောင်းကိုအနိုင်ရမယ့် အဖိုးတန်ဂိုးအဖြစ် ဆောက်သမ်တန်က ပွဲပြီးတဲ့အထိထိန်းသွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို သုံးပွဲပယ်ထားတဲ့အပေါ် ဥရုဂွေးအသင်းဖော်တွေက သူတို့ရဲ့အဖွဲ့အစည်းကနေတဆင့် ဘောလုံးအဖွဲ့ချုပ်ကို စာပို့ခဲ့ပါတယ်။ ကစားသမားဘက်ကနေ သူတို့ထောက်ခံကြောင်း ဆွာရက်၊ ဂိုဒင်တို့အပါအဝင်ဥရုဂွေးလက်ရွေးစင်တွေက ဆုံးဖြတ်ချက်ကိုတရားဝင် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

လော့ဒေါင်းတင်းကြပ်မှုတွေ အင်္ဂလန်မှာပြန်စနေပေမဲ့ ထိပ်တန်းဘောလုံးပွဲတွေကို လုံးဝရပ်နားတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ကန်မြဲဆက်ကန်မှာဖြစ်ပြီး၊ အခလိုမျိုး ဘောလုံးပွဲတွေကို သတ်မှတ်ထားတဲ့အတိုင်းပဲ ကျင်းပသွားမှာဖြစ်တယ်လို့ အဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အာဆင်နယ်အသင်းနောက်ခံလူငယ်ကစားသမားလေး ဝီလီယမ်ဆာလီဘာဟာ ပြင်သစ်လီဂူဝမ်းကလပ်နိုက်စ်အသင်းကို ရာသီကုန်အထိအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။ ပေါင်သန်း ၃၀ နဲ့အသင်းကိုရောက်လာခဲ့ပေမဲ့ တပွဲမှပွဲမထွက်ရသေးတဲ့ဆာလီဘာကို အပြီးသတ်ခေါ်ယူခွင့် မထည့်သွင်းထားခဲ့ပါဘူး။

စပါးအသင်းက သူတို့ရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းကို စာချုပ်အသစ်ချုပ်ဖို့ စတင်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ မြင့်မားတဲ့ပမာဏတရပ်နဲ့ ရေရှည်စာချုပ်လိုနေတာဖြစ်ပြီး၊ အနာဂတ်မှာအသင်းရဲ့အဓိက တိုက်စစ်မှူးအဖြစ် ဆက်ထားသွားဖို့ ဥက္ကဌ လာဗေးကအလိုရှိနေပါတယ်။

AZ-SportsGabar