ဗန်ဒိုက်ဒဏ်ရာရနေချိန်မှာ ပရီးမီးယားလိဂ်အကောင်းဆုံးနောက်ခံလူကို ရွေးပေးခဲ့တဲ့မန်စီးတီးပရိသတ်များ

မန်စီးတီးအသင်းပရိသတ်တွေက ချဲလ်ဆီးကို (၃-၁)နဲ့နိုင်လိုက်အပြီးမှာ တက်ကြွနေပါတယ်။ ကမ္ဘာ့အကောင်းဆုံးပရီးမီးယားလိဂ်နောက်ခံလူကို ရွေးထုတ်တဲ့အထိ ပျော်ရွှင်နေကြပြီး၊ သူတို့ရွေးချယ်လိုက်တဲ့ ကစားသမားဟာ ပရီးမီးယားလိဂ်မှာ အတော်ဆုံးလို့တောင် ချီးကျူးနေကြပါတယ်။

မန်စီးတီးပရိသတ်တွေက တွစ်တာမှာ ကမ့်ပိန်းအနေနဲ့လုပ်ခဲ့တာပါ။ သဘောတူရင် မျှဝေဖို့ မန်စီးတီးပရိသတ်တွေလုပ်ခဲ့တဲ့အကြောင်းအရာမှာ ဗန်ဒိုက်ဒဏ်ရာရနေချိန်၊ အကောင်းဆုံးဗဟိုနောက်ခံလူဟာ ဘယ်သူဖြစ်မလဲလို့ အမေးအဖြေကဏ္ဍတွေလုပ်ခဲ့ပါတယ်။

ရူဘင်ဒိုင်ယက်ကို ရွေးချယ်ခဲ့ပြီး၊ ဘင်ဖီကာကနေ ပေါင်သန်း (၆၀)နဲ့ ပြောင်းလာတဲ့ ကစားသမားဟာ လက်ရှိပရီးမီးယားလိဂ်အကောင်းဆုံး နောက်ခံလူလို့ဆိုပါတယ်။ ရူဘင်ဒိုင်ယက်ကို မန်စီးတီးပရိသတ်တွေက ချဲလ်ဆီးပွဲအပြီးမှာ ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် ဒိုင်ယက်ဟာ တပွဲတည်းခြေစွမ်းပြတာလို့ ထင်စရာရှိပါတယ်။

ဒါပေမဲ့ ဒိုင်ယက်ရဲ့စွမ်းဆောင်ရည်ကလည်း ပရိသတ်တွေရွေးချယ်တာနဲ့ထိုက်တန်ပါတယ်။ ၂၃ နှစ်သားဟာ မန်စီးတီးကိုရောက်ချိန်ကစလို့ ကမ္ဘာ့အဆင့်ခြေစွမ်းကိုပြထားသလို ၁၅ ပွဲကစားပြီးချိန်မှာ ခံစစ်ဟာ ၁၃ ဂိုးပဲပေးထားရပါသေးတယ်။ ချဲလ်ဆီးကိုအနိုင်ကန်ခဲ့တဲ့ပွဲမှာလည်း ဘောလုံးပြန်ဆယ်မှုအများဆုံး ၃ ကြိမ်၊ အများဆုံး ဖျက်ထုတ်မှု ၆ ကြိမ်နဲ့ ဘလော့ဂ်ပေါင်း ၄ ကြိမ်နဲ့ အထူးခြေစွမ်းပြခဲ့ပါတယ်။

နိုင်ပွဲရဲ့အဓိကကျတဲ့ကစားသမားလည်းဖြစ်လာခဲ့ပြီး၊ ချဲလ်ဆီးရဲ့တီမိုဝါနာကို အဓိက ထိန်းကျောင်းပြသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မိနစ်ပေါင်း ၆၂၃ မှာမှ တဂိုးပဲ ပေးထားရတဲ့အတွက် လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးခံစစ်လည်းဖြစ်နေသူပါ။ မန်စီးတီး ပရိစတ်တွေရွေးချယ်ခဲ့သလို အကောင်းဆုံးဖြစ်နေခဲ့ပြီလားကတော့ စောင့်ကြည့်ရမှာပါပဲ။

AZ-SportsGabar