ကမ္ဘာ့ထိပ်တန်းလစာအများဆုံး (၁၀)ဦးစာရင်းထဲ မပါတဲ့ ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနို

ပိုချက်တီနိုကို ပြီးခဲ့တဲ့ စနေနေ့က ပီအက်စ်ဂျီဟာ နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အသင်းနည်းပြ တူချယ်ကို ထုတ်ပယ်လိုက်ပြီး၊နှစ်ရက်အကြာမှာပဲ သတင်းထွက်နေတဲ့အတိုင်း ခန့်အပ်ခဲ့သလို ပရိသတ်တွေမထင်မှတ်ထားတဲ့ နှစ်အကန့်အသတ်နဲ့ပဲ ချုပ်ခဲ့တဲ့အတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

(၁)နှစ်ခွဲစာချုပ်၊ ၁၈ လတည်း သဘောတူညီခဲ့ပြီး၊ ပီအက်စ်ဂျီနဲ့ ပိုချက်တီနိုဟာ တဦးနဲ့တဦး သဘောတူညီချက်က စောင့်ကြည့်တဲ့အနေအထားလို့ သုံးသပ်ခဲ့ပါတယ်။ စပါး၊ ဆောက်သမ်တန်တို့လို အသင်းတွေကို ထိပ်တန်းရောက်အောင် ဆွဲတင်နိုင်ခဲ့တဲ့ ပိုချက်တီနိုအနေနဲ့ အခုတခေါက် ပီအက်စ်ဂျီဟာ သူကိုင်ဖူးသမျှထဲ အသင်းကြီးလို့ဆိုနိုင်ပါတယ်။

နေမာ၊ အမ်ဘာပေတို့ရှိတဲ့အပြင် ကွင်းလယ်အစုအဖွဲ့ကောင်းများစွာပိုင်ဆိုင်ထားတဲ့အပေါ် ပိုချက်တီနိုနဲ့ ဥရောပ အောင်မြင်မှုကို ဆက်သွားဖို့မျှော်မှန်းထားပုံပါပဲ။ ဒါပမေဲ့ ပီအက်စ်ဂျီက ပိုချက်တီနိုကို အရင်နည်းပြ သောမတ်တူချယ်ကို ပေးသလိုမျိုးလည်းမပေးထားသလို လစာကိုလည်း သာမန်နည်းပြစာရင်းထဲပဲ ထည့်ထားပါတယ်။

တနှစ်ကို ယူရို ၇ သန်းနဲ့ဖြစ်ပြီး၊ ဒါဟာ အနိမ့်ဆုံးစာရင်းထဲဝင်တဲ့ နည်းပြ ဟန်ဆီဖလစ်ကိုမမီခဲ့ပါဘူး။ ဟန်ဆီဖလစ်ကို မမီခဲ့သလို ထိပ်ဆုံးက နည်းပြမော်ရင်ဟိုနဲ့လည်း လစာ (၂)ဆကျော်ကွာနေတာကို အခုလိုတွေ့ရမှာပါ။ ဒါကို လက်ရှိလစာအများဆုံးထိပ်ဆုံး (၁၀)ဦးနဲ့အခုလို နှိုင်းယှဉ်နိုင်ပါတယ်။ ပိုချက်တီနိုဟာ အဆိုပါ (၁၀)ဦးနဲ့ယှဉ်ရင် အခုလိုမျိုးကျန်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။

(၁၀)ဟန်စီဖလစ်- ယူရို ၈သန်း၊ (၉)အန်ဆယ်လော့တီ-ယူရို ၈ သန်း၊ (၈)ကလော့ပ်- ယူရို ၁၀.၅ သန်း၊ (၇)ကွန်တီ-ယူရို ၁၁ သန်း၊ (၆)ဇီဒန်း-ယူရို ၁၂ သန်း၊ (၅)ကင်နာဗာရိုး (တရုတ်ကလပ် ဂွမ်ဆောင်အဲဗားဂရမ်ဒီ- ယူရို ၁၂ သန်း၊ (၄)ဘင်နီတက်ဇ် ဒါလီယန် ပရော်ဖက်ရှင်နယ်- ယူရို ၁၃.၅သန်း၊ (၃)ဆီမြွန်နီ ယူရို ၁၅သန်း၊ (၂)မော်ရင်ဟို ယူရို ၁၇.၅သန်း၊ (၁) ဂွါဒီယိုလာ – ယူရို ၂၃ သန်း။

AZ-SportsGabar