နံနက်ပိုင်းအားကစားသတင်းတိုများ (၄.၁.၂၀၂၀)

ဟူစကာကို (ဝ-၁)နဲ့ အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ တလုံးတည်းသောဖန်တီးမှုကို ဒီဂျောင်က ဂိုးအဖြစ်ပြောင်းလဲခဲ့ပါတယ်။ မက်ဆီပြန်ပါတာနဲ့ နိုင်ပွဲရလာတဲ့ ဘာစီလိုနာအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်း ခြေချော်မှုတွေကို အကောင်းဆုံးပြန်ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။

အူဒီးနီးစ်ကို (၄-၁)နဲ့ အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်အသင်းကတော့ ရော်နယ်ဒိုရဲ့အနိုင်ဂိုး ၂ လုံးနဲ့အတူ ဂိုးပြတ်နိုင်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။ နိုင်ပွဲရခဲ့ပေမဲ့ အမှတ်ပေးဇယားထိပ်က အေစီမီလန်နဲ့ (၁၀)မှတ်အနေအထားအထိ ကွာဟနေဆဲဖြစ်ပါတယ်။

မန်စီးတီးကို (၁-၃)နဲ့ ရှုံးနိမ့်သွားခဲ့အပြီးမှာ ချဲလ်ဆီးနည်းပြ လမ်းပတ်နေရာကို အစားထိုးဖို့ သတင်းထွက်လာခဲ့ပါတယ်။ ပီအက်စ်ဂျီနည်းပြ သောမတ်တူချယ်ကိုခန့်အပ်ဖို့ စဉ်းစားထားတဲ့ သတင်းတွေဆက်တိုက်ထွက်လာပြီး၊ လမ်းပတ်ကို မကြာခင်မှာ အနားပေးဖို့ စီစဉ်နေတယ်လို့သတင်းဌာနတွေက ဖော်ပြလာပါတယ်။

လာလီဂါအမှတ်ပေးဇယားထိပ်ကိုဦးဆောင်နေတဲ့ အက်သလက်တီကိုအသင်းဟာ ဆွာရက်ရဲ့နောက်ကျအနိုင်ဂိုးနဲ့အတူ အမှတ်ပေးဇယားထိပ်မှာဆက်ရပ်တည်နေခဲ့ပါတယ်။ ပွဲချိန်တွင်း အလာဗက်စ်ကို (၁-၁)သရေကျနေခဲ့ပေမဲ့ မိနစ် ၉၀ အရောက် ဆွာရက်က အနိုင်ဂိုးသွင်းနိုင်ခဲ့ကာ အမှတ်ပေးဇယားကို ဆက်ရပ်တည်နေခဲ့ပါတယ်။

နယူးကာဆယ်ကို (၁-၂)နဲ့ အနိုင်ရခဲ့တဲ့ လက်စတာအသင်းကတော့ ရမှတ် ၃၂ မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ တတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ မက်ဒီဆင်ဂိုးသွင်းနိုင်ခဲ့ပြီ၊ ဒီနှစ်ရာသီ ၄ ဂိုးမြောက်ကို အသင်းရဲ့နိုင်ပွဲမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။

ဘန်နီဘန်တိုကို (၁၀)ယောက်တည်းနဲ့ ပွဲချိန်ပြည့်ရင်ဆိုင်ခဲ့ရတဲ့ အေစီမီလန်က (ဝ-၂)နဲ့အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ (ဝ-၁)နဲ့ဦးဆောင်နေစဉ် ပွဲကစားချိန် ၃၃ မိနစ်အရောက် တိုနယ်လီအထုတ်ခံခဲ့ရပြီး၊ လက်ကျန်ပွဲမိနစ်တွေကို ဂိုးမပေးရဖို့ဦးတည်ခဲ့ကာ ဘန်နီဘန်တိုကို အကောင်းဆုံးယှဉ်ကစားခဲ့တာဖြစ်ပါတယ်။ ၄၉ မိနစ်မှာ အေစီမီလန်အတွက် လျောင်ကဂိုးထပ်သွင်းခဲ့လို့ (ဝ-၂)နဲ့အနိုင်ရလဒ်ကိုပိုင်ဆိုင်ခဲ့ပါတယ်။

AZ-SportsGabar