ဘောလုံးသမားတွေနဲ့ မီတာ (၁၀၀)လက်ဆင့်ကမ်းပြိုင်ခဲ့ရရင် အူစိန်ဘော့ရွေးမယ့် ကစားသမား (၃)ယောက်

အူစိန်ဘော့လို့ဆိုလိုက်တာနဲ့ မီတာ ၁၀၀ မှာ ကမ္ဘာ့စံချိန်တွေ အထပ်ထပ်ချိုးခဲ့တဲ့ အပြေးသမားဆိုတာ သိကြမှာပါ။ ဘောလုံးသမားဖြစ်လာချင်တဲ့ သူ့အိပ်မက်တွေကို အကောင်ထည်ဖော်နေသူဖြစ်ပြီး၊ ဘောလုံးလောကမှာလည်း ကစားသမားတွေနဲ့ ကျွမ်းဝင်မှုရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆို ဘောလုံးတောင်ကန်ခဲ့သေးသူပါ။

အခုအူစိန်ဘော့က မီတာ ၁၀၀ ပြေးတာနဲ့ပတ်သက်လို့ ပြန်စိတ်ဝင်စားလာပါတယ်။ ဖီဖာက ပြုလုပ်ခဲ့တဲ့အမေးအဖြေကဏ္ဍတခုမှာ အူစိန်ဘော့ကို ဖီဖာကမေးခွန်းတခုမေးခဲ့ပါတယ်။ အကယ်လို့ မီတာ (၁၀၀) လက်ဆင့်ကမ်း (၄)ယောက်၊ မီတာ (၄၀၀) ပြိုင်ပွဲ ပြေးရမယ်ဆိုရင် ဘောလုံးသမားထဲက ဘယ် (၃)ယောက်ကို ရွေးချင်လဲလို့မေးခဲ့ပါတယ်။

လက်ဆင့်ကမ်းဖြစ်တဲ့အတွက် တယောက်ကို မီတာ (၁၀၀)၊ လက်ရိုက်ပြီး၊ လေးယောက်မှာ နောက်ဆုံးတယောက်က ပန်းဝင်အောင်အမြန်ပြေးရမှာပါ။ ဒီလိုပြေးဖို့ဆိုရင် ရှေ့သုံးယောက်လုံးကမြန်နေမှရမယ့်အပေါ် အူစိန်ဘော့က အခုလို သုံးယောက်ရွေးခဲ့ပါတယ်။ အမ်ဘာပေ၊ ဘေးလ်နဲ့ စီရော်နယ်ဒို ဆိုပြီး၊ ဖြစ်ပါတယ်။

အမ်ဘာပေက လက်ရှိမှာ ငယ်ရွယ်ပေမဲ့ ဘေးလ်နဲ့ စီရော်နယ်ဒိုကတော့ အူစိန်ဘော့က သူ့ထက်ကိုမြန်တယ်လို့ ယူဆထားတဲ့ ကစားသမားတွေပါ။ စီရော်နယ်ဒိုနဲ့လည်း ပြိုင်ပြေးဖူးပြီး၊ တကယ်သာ ယှဉ်ပြေးရင် သူမနိုင်ဘူးလို့ဆိုလောက်တဲ့အထိ ချီးကျူးထားသူလည်းဖြစ်ပါတယ်။ စီရော်နယ်ဒိုကလည်း စီရော်နယ်ဒိုလို့ဆိုရလောက်တဲ့အထိမြန်ပါတယ်။

အသက် ၃၅ နှစ်နဲ့ ပြီးခဲ့တဲ့နှစ်က ဂျူဗင်တပ်မှာ ၉၂ မီတာကို (၁၀)စက္ကန့်ထဲနဲ့ပြေးပြခဲ့ပါတယ်။ ဘောလုံးနဲ့ပြေးရတဲ့အတွက် တကယ်သာ ပြေးခဲ့မယ်ဆိုရင် အူစိတ်ဘော့ထက်တောင်မြန်နိုင်တဲ့ စံချိန်တခုကို ပိုင်ဆိုင်နိုင်သူပါ။ ဒါကြောင့်လည်း ရွေးခဲ့တာဖြစ်နိုင်ပြီ၊ ဒီလေးယောက် အတူတူသာပြိုင်ရင် နိုင်မယ်လို့ အူစိန်ဘော့က ယုံကြည်နေတာဖြစ်ပါတယ်။

AZ-SportsGabar