နံနက်ပိုင်းအားကစားသတင်းတိုများ (၃.၁.၂၀၂၀)

ရေပန်းစားနေတဲ့အတိုင်း ပီအက်စ်ဂျီနည်းပြသစ်အဖြစ် ပိုချက်တီနို ဖြစ်လာခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ နှစ်နှစ်ခွဲကစားဖူးခဲ့တဲ့သူ့အတွက် အခုလိုနည်းပြဖြစ်လာတာကလည်း ဘာသာစကားကအစ အခက်အခဲရှိမှာမဟုတ်တော့ဘဲ ဥရောပအောင်မြင်မှုတွေကို စိန်ခေါ်ဖို့ လက်ခံလိုက်တာမျိုးလည်းဖြစ်ပါတယ်။

ဆယ်တာဗီဂိုကို (၂-ဝ)နဲ့အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က အမှတ်ပေးဇယားကို ၃၆ မှတ်နဲ့ဦးဆောင်ခဲ့ပါတယ်။ ဒုတိယနေရာက အက်သလက်ကို ၂ မှတ်ဖြတ်ထားနိုင်ပေမဲ့ ရီးရဲလ်ဟာ အက်သလက်ထက် ပွဲစဉ် ၃ ပွဲ ပိုကစားထားတာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ စပါးအတွက် ဆွန်-ကိန်းအတွဲဟာ အပြန်အလှန်ဂိုးသွင်း၊ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဆွန်ယောင်မင်က စပါးအတွက် သွင်ဂိုး ၁၀၀ အထိရှိလာခဲ့ပြီဖြစ်ပြီး၊ စပါးဟာလည်း အမှတ်ပေးဇယားအဆင့်သုံးကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

အာဆင်နယ်ကတော့ သူတို့ကို တန်းဆင်းဇုန်ပြိုင်ဘက်ကောင်းလို့ ခနဲ့ထားခဲ့တဲ့ နည်းပြ ဆမ်အလာဒွိုက်စ်ရဲ့ဝက်စ်ဘရွန်းကို (၄-ဝ)နဲ့ အဝေးကွင်းမှာပဲ အနိုင်ယူခဲ့ပါတယ်။ လာကာဇက် ၂ ဂိုးသွင်းခဲ့သလို ဆာကာ၊ တီယားနေတို့နဲ့ ကလင်းရှစ်တပွဲကို အရယူနိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက်အတွက် ပေါ့ဘာဟာ ခြေစွမ်းပြနေပေမဲ့ သဘောတူထားတဲ့အတိုင်း လာမယ့်နွေရာသီမှာ ရောင်းချသွားမှာလို့သိရပါတယ်။ ပေါ့ဘာက အခုလိုခြေစွမ်းပြ ပွဲထွက်ပေးနေတဲ့အတွက် ရီးရဲလ်က ကမ်းလှမ်းလာမှာကိုစောင့်နေပြီး၊ သူ့အိပ်မက်တွေဆက်ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

အခုလိုမျိုး အမှတ်လိုနေချိန်မှာ လိဒ်အသင်းကို အနိုင်ရခဲ့တဲ့အပေါ် မော်ရင်ဟိုက သူအနေနဲ့ အနိုင်ရလဒ်အပေါ် ပျော်ရွှင်မိတယ်ဆိုခဲ့ပါတယ်။ စပါးဟာ အခုနိုင်ပွဲကြောင့် ထိပ်ဆုံးအသင်းတွေနဲ့ လေးမှတ်ပဲကွာတော့တဲ့အထိ ဖိအားပြန်ပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

AZ-SportsGabar