ဝီလီယမ် ဆာလီဘာကို အသင်းမှာဆက်မထားဖို့ ဆုံးဖြတ်နေတာကြောင့် ပရိသတ်တွေစိတ်ပျက်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းပရိသတ်တွေဟာ လတ်တလောမှာ ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်တခုကြောင့် စိတ်ပျက်နေပါတယ်။ အသင်းရဲ့ (၁၈)နှစ်သား နောက်ခံလူလေး ဝီလီယမ် ဆာလီဘာကို အသင်းမှာ ဆက်မထားဖို့ ဆုံးဖြတ်နေတာဖြစ်ပြီး၊ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ပြင်ထားတာကြောင့်လို့ သိရပါတယ်။

ပြင်သစ်သတင်းဌာန အယ်အီးကွီးက တင်ဆက်ခဲ့တဲ့ သတင်းအရ အာဆင်နယ်နဲ့ ဆာလီဘာဟာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ အာဆင်နယ်က ကစားသမားကို အငှားချဖို့ ဆွေးနွေးခဲ့ကာ အပြီးသတ်ရောင်းချခွင့်ပါရင် ရောင်းချဖို့တခါတည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဆာလီဘာကလည်း လက်ခံခဲ့ပြီး၊ အင်္ဂလန်ကလပ်တွေမှာ အငှားချဖို့ကို တောင်းဆိုခဲ့ပါတယ်။

အငှားတောင်းဆိုခွင့်လုပ်ခဲ့ပေမဲ့ ကစားသမားက သူကစားခဲ့တဲ့ စိန့်အက်တီယန့်ကို ပြန်သွားဖို့တောင်းဆိုခဲ့တဲ့အတွက် အပြီးသတ်ပြန်ရောင်းချဖို့ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူရိုသန်း ၃၀ အထိပေးပြီးဝယ်ခဲ့ရတဲ့ ဆာလီဘာဟာ နည်းပြဟောင်း အမ်မရီလက်ထက်က အနာဂတ်ဗဟိုနောက်ခံလူအဖြစ်ခေါ်ယူဖို့ လျာထားခဲ့သူပါ။

နည်းပြအမ်မရီထွက်သွားပြီးနောက်ပိုင်း အာတီတာဝင်ရောက်လာချိန်မှာ ဆာလီဘာကို အငှားချဖို့အဆင်မပြေခဲ့တဲ့အပေါ် လူစာရင်းမှာမထည့်သွင်းခဲ့ပါဘူး။ ပွဲထွက်ခွင့်လည်းမရ၊ အသင်းမှာလည်း နေရာမရခဲ့ချိန်မှာတော့ အငှားပြန်ချဖို့ပဲ ဆွေးနွေပြီး၊ အပြီးရောင်းဖို့ိကိုပါ သဘောတူနိုင်ခဲ့ပါတယ်။ ဒီသတင်းတက်လာချိန်မှာ အာဆင်နယ်ပရိသတ်တွေအတွက် ကြေကွဲခဲ့ပါတယ်။

ဆာလီဘာကို လတ်တလောမှာ ရောင်းချဖို့ဆုံးဖြတ်လိုက်တဲ့သတင်းကို ပိုသေချာစေတာက နောက်ခံလူ ဟိုဒင်းကို သက်တမ်းတိုးဖို့ပြင်ဆင်လိုက်တာကြောင့်ပါ။ ကစားသမားကို စာချုပ်သစ်ကမ်းလှမ်းထားပြီး၊ ကစားသမားဖက်ကလည်း သဘောတူဖို့ ရာခိုင်နှုန်းများနေပါတယ်။ အာဆင်နယ်ပရိသတ်တွေအတွက် (၂၀၂၁)အစက ထင်ထားသလိုမဖြစ်လာတော့ပါဘူး။

AZ-SportsGabar