ကမ္ဘာ့အကောင်းဆုံးလိဂ်ကြီးကို ယူ-၁၃ကိုင်တုန်းက အတွေ့အကြုံနဲ့ ယှဉ်ခနဲ့လိုက်တဲ့ မော်ရင်ဟို

စပါးနည်းပြမော်ရင်ဟိုတယောက် ဖူလ်ဟမ်နဲ့ကစားမယ့်ပရီးမီးယားလိဂ် ပွဲစဉ်ကိုရပ်ဆိုင်းခဲ့တဲ့အပေါ် အနည်းငယ်တင်းနေပါတယ်။ ပွဲရွှေ့တာထက် အချိန်ကပ်မှအသိပေးခဲ့တဲ့အေပေါ် ပေါက်ကွဲနေပြီး၊ ပရီးမီးယားလိဂ်လို ကမ္ဘာ့အကောင်းဆုံးလိဂ်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် မကျေမနပ်ဖြစ်နေပါတယ်။

ပွဲစဖို့သုံးနာရီအလိုမှ အသိပေးခဲ့တဲ့အပြင် ကန်ဖို့အသင့်ဖြစ်နေပြီးမှသာ ပွဲကိုနောက်ဆုတ်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်မျိုး မော်ရင်ဟိုအပေါ်မှ လာဖြစ်ချိန်မှာတော့ လုံး၀ ပရော်ဖက်ရှင်နယ်မပီသဘူးလို့ ပေါ်တင်ဝေဖန်ခဲ့ပါတယ်။ ယူ (၁၃)ကို သူနည်းပြတုန်းက အတွေ့အကြုံတွေနဲ့ပါ အခုလို ဆိုခဲ့ပါတယ်။

” လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က ကျွန်တော် ယူ ၁၃၊ ယူ ၁၅ အသင်းတွေကို ပေါ်တူဂီမှာနည်းပြတုန်းက မနက် ၉ နာရီခွဲမှာ ကန်ရတယ်။ တခါတလေ နည်းပြက အဲ့မှာမရှိဘူး။ ဒိုင်လူကြီးရောက်မလာဘူး။ ဒါက ကလေးတွေအတွက် စိတ်တိုရတယ်။ သူတို့က ဘောလုံးကန်ချင်တာလေ။ ဒါပေမဲ့ နောက်ဆုံးမိနစ်ရောက်တဲ့အထိ ကန်ရမလားလည်းမသိဘူး ‘

” အခုဖြစ်နေတာကလည်း ကျွန်တော်ဖြစ်ခဲ့တဲ့အဖြစ်လိုပဲ။ ကျွန်တော်တို့ ကစားရမလား၊ မကစားရလားသိဖို့ ကွင်းထဲထိုင်စောင့်နေရသလိုမျိုး။ မကန်ရခင်နေ့တုန်းကတော့ သတင်းစာရှင်းလင်းပွဲမှာ ပွဲကိုဆိုင်းမယ်ဆိုတာတွေ ပလူပျံနေတာပဲ။ တချို့ကစားသမားတွေပြောတာက သူတို့နိုင်ငံတွေမှာဆိုရင် ဒီပွဲကို ရွှေ့ဆိုင်းလိုက်ပြီလို့တောင် သတင်းတွေထုတ်ပြန်ထားပြီဆိုတယ်။”

” ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်သူဌေးနဲ့ ဥက္ကဌလာဗေးကို ကန်ရမှာလား၊ မကန်ရဘူးလားကို မပြောနိုင်သေးဘူး။ ကျွန်တော ဖူဟမ်ကို ရည်ညွန်းပြောတာ မဟုတ်ပါဘူး။ အဖွဲ့ချုပ်ကို ပြောနေတာပါ။ ဒီလိုအခြေအနေမျိုးဖြစ်လာမယ်လို့ ကျွန်တော် တွေးတောင်မတွေးဖူးဘူး။ ” ဆိုပြီး ပြောခဲ့ပါတယ်။ နောက်တော့ ပွဲက ရပ်နားလိုက်ပြီး၊ မော်ရင်ဟိုက အင်စတာဂရမ်မှာ ” ပွဲက ညနေ ၆ နာရီမှာကန်ရတော့မယ်။ ကစားရမလား၊ မကစားရဘူးလားမသိဘူး။ ကမ္ဘာအကောင်းဆုံးလိဂ်တဲ့” လို့ တင်ခနဲ့ခဲ့ပါတယ်။

AZ-SportsGabar