နံနက်ပိုင်းအားကစားသတင်းတိုများ (၂.၁.၂၀၂၁)

အက်စတွန်ဗီလာကို (၂-၁)နဲ့အနိုင်ရခဲ့တဲ့ မန်ယူအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ရမှတ်တူ ၃၃ မှတ်နဲ့ ဒုတိယနေရာကို ရောက်လာခဲ့ပါတယ်။ မာရှယ်ရဲ့အဖွင့်ဂိုး၊ ဖာနန်ဒက်ရဲ့ပင်နယ်တီတွေနဲ့အတူအနိုင်ရခဲ့ပြီး၊ နှစ်သစ်အစကို အနိုင်ရလဒ်နဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

အဲဗာတန်ကို ၁ လုံးတည်းသောအနိုင်ဂိုးနဲ့အနိုင်ရခဲတဲ့ ဝက်စ်ဟမ်းအသင်းကတော့ နည်းပြမိုယက်လက်ထက် ပထမဆုံးအကြိမ် အဲဗာတန်ကိုအနိုင်ရခဲ့ပါတယ်။ မိုယက် ဝက်စ်ဟမ်းကို နောက်ဆုံးရင်ခဲ့တဲ့ လေးပွဲမှာ တပွဲမှအနိုင်မရခဲ့ဘဲ အခုမှအနိုင်ရခဲ့တာဖြစ်ပါတယ်။

စပါး-ဖူလ်ဟမ်ပွဲကို ရွှေ့ဆိုင်းလိုက်တဲ့ပုံစံကို နည်းပြ မော်ရင်ဟိုက ဒေါသထွက်နေပါတယ်။ ကန်ခါနီးနာရီပိုင်းအလိုမှ ရွှေ့ဆိုင်းတယ်လို့ အကြောင်းကြားခဲ့တဲ့ အပေါ် ကမ္ဘာ့အကောင်းဆုံးလိဂ်ရဲ့လုပ်ဆောင်ပုံက ယူ ၁၃ ပွဲတွေပုံစံနဲ့ တူနေတယ်လို့ ခနဲ့ခဲ့ပါတယ်။

ချဲလ်ဆီးကိုရင်ဆိုင်ကစားမယ့် မန်စီးတီးအသင်းရဲ့ပွဲစဉ်မှာ ကစားသမားငါးယောက်အထိ မပါဝင်နိုင်ဘူးလို့သိရပါတယ်။ အကုန်လုံးက ကိုဗစ်ကူးစက်မှုကြောင့် မပါဝင်နိုင်တာဖြစ်ပြီး၊ မန်စီးတီးဟာ ချဲလ်ဆီးကိုရင်ဆိုင်ဖို့ လူအင်အားနည်းနေပြီဖြစ်ပါတယ်။

ဂါလာတာစာရေးအသင်းရဲ့ ကစားသမား အိုမာ အီလက်ဒယ်လောင်ဟာ နယူးရီးယားညမှာ ပစ်လွှတ်လိုက်တဲ့ မီးရှုးမီးပန်းတွေကြောင့် ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ ဆေးရုံအထိခေါ်ဆောင်သွားခဲ့ရပြီး၊ နေအိမ်မှာပဲ မတော်တဆဖြစ်ခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar