ကာဗာနီ သုံးပွဲအပယ်ခံလိုက်ရတဲ့အပေါ် စိတ်ဆိုးဒေါသထွက်ပေါက်ကွဲခဲ့တဲ့ ဟာရဲရား

မန်ယူတိုက်စစ်မှူး ကာဗာနီအနေနဲ့ သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ ချမှတ်ခဲ့ရတဲ့အကြောင်းက လူမျိုးရေးခွဲခြားတယ်ဆိုပြီး၊ အင်စတာဂရမ်မှာ ပို့တင်ခဲ့တဲ့ ပြစ်ဒဏ်အတွက်ပါ။ ဒဏ်ကြေးငွေ ပေါင် ၁သိန်းလည်း ချမှတ်ခံရတဲ့အတွက် ကာဗာနီအတွက် အထိနာခဲ့ပါတယ်။

ဖြစ်စဉ်အသေးစိတ်က ဆောက်သမ်တန်ကို (၃-၂)နဲ့ ကမ်းဘက်နိုင်ချိန်မှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ကာဗာနီဟာ အပျော်လွန်ခဲ့ပါတယ်။ အင်စတာဂရမ်မိုင်ဒေးမှာ လေးပစ်နေဟန်ပို့စ်နဲ့ စာသားအချို့တွဲတင်ခဲ့ပြီး၊ အောင်ပွဲအပေါ် ဂုဏ်ယူခဲ့ပါတယ်။ ဆိုးတာက သူအောင်ပွဲခံတဲ့ စာသားတွေက လူမျိုးရေခွဲခြားတဲ့ အသုံးအနှုန်းတွေနဲ့ သွားဆင်နေပါတယ်။

ဆင်ခဲ့ချိန်မှာတော့ အက်ဖ်အေက စွဲချက်တင်ကာ စုံစမ်းခဲ့ပြီး၊ အပြစ်ရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ သုံးပွဲပယ်နဲ့ ပေါင်တသိန်းပါ။ အခုလိုဒဏ်ငွေချမှတ်ခံရတာတွေကို တကမ္ဘာလုံးက ဝေဖန်ပြောဆိုနေကြချိန်မှာ အသင်းဖော်ဟောင်း ဟာရဲရားတယောက်လည်း မနေခဲ့ပါဘူး။ ကာဗာနီရဲ့ ပြစ်ဒဏ်အတွက် အတော်လေးကိုမှ စိတ်ပျက်ခဲ့ပြီး၊ သူ့အသင်းဖော်ဟောင်းအတွက် ဒေါသထွက်ခဲ့ပါတယ်။

အင်စတာဂရမ်မှာ ဟာရဲရားက ” ဒါလေးအတွက် မင်းကို သုံးပွဲဘန်းတယ်ဆိုရင် ကမ္ဘာကြီးက ေ-ာက်တလွဲပဲ။ ငါမင်းကိုအားပေးမယ်ကွာ၊ အသန်မာဆုံးဖြစ်အောင်နေပါ အက်ဒီရေ” လို့ တင်ခဲ့ပါတယ်။ ဟာရဲရားကတော့ ကာဗာနီရဲ့ စကားလုံးတွေဟာ အပြစ်မရှိဘူးလို့ယူဆနေပါတယ်။ တကယ်လည်း ကာဗာနီကိုယ်တိုင်က သူ့စကားလုံးတွေအတွက် ရိုးရိုးသားသားတောင်းပန်ပြီးသားပါ။

နိုင်ငံတခုနဲ့တခုကြား ဘာသာစကားအခက်အခဲဖြစ်ပြီး၊ ခွဲခြားသလိုဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ပြစ်ဒဏ်လည်းချမှတ်ပြီးဖြစ်တဲ့အပြင် ကာဗာနီကလည်း တောင်းပန်ပြီးဖြစ်တဲ့အတွက် ပြဿနာက အေးသွားခဲ့ပါပြီ။ ဟာရဲရားကတော့ သူ့အသင်းဖော်ဟောင်းအတွက် ဒေါသတွေထွက်နေခဲ့တာက သိပ်တော့မကောင်းခဲ့ပါဘူး။

AZ-SportsGabar