ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ယူနိုက်တက် မဖြစ်မနေဆက်ထိန်းသွားရမယ့်အရာ ၃ ခု

မန်ချက်စတာယူနိုက်တက်ရဲ့ (၂၀၂၀-၂၁)ဘောလုံးရာသီက ပရိသတ်တွေထင်ထားသလိုမဟုတ်ခဲ့ပါဘူး။ အမှတ်ပေးဇယားကိုစိန်ခေါ်နိုင်တဲ့ လမ်းကြောင်းအထိရောက်လာတဲ့အပြင် အသင်းအများစုခက်ခဲနေတဲ့အချိန်မှာ ပုံစံကောင်းကို ပြထားနိုင်ခဲ့ပါတယ်။

ပွဲစဉ် ၁၅ ပဲရှိသေးတဲ့အတွက် ပရီးမီးယားလိဂ်ခရီးကြမ်းကကျန်ပါသေးတယ်။ လီဗာပူးနဲ့မတွေ့ဆုံရသေးတဲ့အချက်၊ အသင်းကြီးတွေနဲ့ တကျော့စီပဲကန်ရေသေးတဲ့အချက်တွေက ယူနိုက်တက်ရဲ့ အမှတ်ပေးဇယားကို စကားပြောသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာသီအမှတ်ပေးဖလားကိုစိန်ခေါ်နိုင်ဖို့၊ ယူနိုက်တက်ဖက်က အခုပြောခဲ့တဲ့ အချက်သုံးချက်ကို လုပ်ဆောင်ခဲ့ရင်တော့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်ကို ကျိန်းသေရောက်ဖို့ ရှိလာနိုင်ပါတယ်။

(၁)ညာခြမ်းခံစစ်ပိုင်းအားဖြည့်မှု – ယူနိုက်တက်ရဲ့ခံစစ်အနေနဲ့ ပုံစံကောင်းတွေရထားတာ မကြာသေးပါဘူး။ ဝမ်ဘစ်ဆာကာ ဒဏ်ရာရသွားချိန်၊ ညာခြမ်းကို ဗဟိုခံစစ်တွေထွက်ကစားခဲ့ရတာက ခံစစ်ကစားသမားတယောက်မဖြစ်မနေလိုနေပါတယ်။ ဘယ်ခြမ်းမှာ လုခ်ရှော၊ တဲလက်စ်ရှိပေမဲ့ ညာခြမ်းမှာ တယောက်မရှိတာက ရေရှည်မှာ အဆင်မပြေပါဘူး။ ဇန်နဝါရီမှာ မဖြစ်မနေ ညာခြမ်းခံစစ်အားဖြည့်ဖို့လိုပါတယ်။

(၂)ဖာနန်ဒက်အတွက် အကူအညီ – လက်ရှိယူနိုက်တက်ရဲ့ ပုံစံကောင်းတွေက ဖာနန်ဒက်ဆီက ရာနှုန်းပြည့်အားထုတ်မှုတွေပါပါတယ်။ ဒီကစားသမား ဒဏ်ရာနဲ့ ပွဲပမ်းတာနဲ့ ပုံစံကောင်းတွေဝေးကွာသွားတဲ့ ယူနိုက်တက်ဟာ နောက်ထပ်အရန်သင့်ကစားနိုင်မယ့် ကစားသမားတဦးလိုအပ်ပါတယ်။ လင်ဂတ်ကိုသက်တမ်းတိုးတာ၊ ဗန်ဒီဘိခ်ရှိနေတာကို အသုံးချမပြနိုင်သေးတဲ့ဆိုးလ်ရှားတယောက် ကစားသမားအသစ်ခေါ်တာမျိုးကပဲ ဖြေရှင်းသွားနိုင်ဖို့ရှိနေပါတယ်။ ဒါမှမဟုတ်ရင်တော့ အရန်သင့်အစားထိုးနိုင်ဖို့ လိုအပ်ပါသေးတယ်။

(၃)ကာရာဘောင်ဖလား – ဖလားရဖို့ အနိုင်တိုက်ပွဲဝင်တဲ့စိတ်ဓာတ်တခုကို မဖြစ်မနေရိုက်သွင်းဖို့ဆိုရင် ယူနိုက်တက်အတွက် ကာရာဘောင်က အသင့်တော်ဆုံးပါပဲ။ မန်စီးတီးကိုကျော်ဖြတ်ရမယ့်အပြင် တဖက်က စပါး-ဘရန်းဖို့ဒ်ကို အနိုင်ယူနိုင်ရင် ကာရာဘောင်ရပါပြီ။ ဒီစိတ်ဓာတ်ဟာ ခြေမမှန်တဲ့ရာသီမှာ တိုက်ပွဲဝင်စိတ်ရဖို့အကောင်းဆုံးဖြစ်တဲ့အတွက် ပရီးမီးယားလိဂ်ဖလားကို အဆုံးထိတိုက်ပွဲဝင်ဖို့ အကောင်းဆုံးဖြစ်လာမှာအသေချာပါပဲ။

AZ-SportsGabar