နံနက်ပိုင်း အားကစားသတင်းတိုများ (၁.၁.၂၀၂၁)

ယူနိုက်တက်အသင်းနဲ့ တိုက်စစ်ကစားသမား လင်ဂတ်တို့အကြား စာချုပ်သက်တမ်း တနှစ်သဘောတူတိုးမြင်ခဲ့ပြီလို့ သိရပါတယ်။ ယူနိုက်တက်ဖက်က လိုအပ်ရင် ချုပ်လို့ရတဲ့ စာချုပ်ပါတနှစ်သက်တမ်းကိုတိုးခဲ့တာဖြစ်ပြီး၊ ကစားသမားဟာ နောက်နှစ်ကုန်အထိ အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

တိုက်စစ်မှူး ကာဗာနီကို အက်ဖ်အေက သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဆောက်သမ်တန်ကို (၃-၂)နဲ့နိုင်ခဲ့တဲ့ပွဲမှာ အင်စတာဂရမ်မှာပို့စ်တင်အောင်ပွဲခံခဲ့တာက လူမျိုးရေးခွဲခြားတယ်လို့ သဘောသက်ရောက်ခဲ့တဲ့အပေါ် ပြစ်ဒဏ်အနေနဲ့ သုံးပွဲပယ်လိုက်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနောက်ခံလူ ကိုလာစီနက်ဟာ ရှောလ်ကေးအသင်းကို ရာသီဝက်အငှား (၆)လကြာအနေနဲ့ သွားကစားတော့မှာဖြစ်ပါတယ်။ ရာသီကုန်မှာ အပြီးသတ်ပြောင်းရွှေ့ဖို့ ဖြစ်လာနိုင်ပြီး၊ ရှော်လ်ကေးကလည်း သူတို့ကစားသမားဟောင်းကို အလိုရှိနေပါတယ်။

စကော့တလန်၊ မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေကို နည်းပြခဲ့ဖူးတဲ့ တော်မီ ဒိုချာတီဟာ နာတာရှည်အဖျားကြောင့် အသက် ၉၂ နှစ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ (၁၉၆၅)မှာ ချဲလ်ဆီးကို ကာလင်းအရယူပေးခဲ့ဖူးပြီး၊ မန်ယူကို ၁၉၇၇ မှာ အက်ဖ်အေဖလားယူပေခဲ့ဖူးတဲ့ နည်းပြကြီးဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူ ဝှစ်ချ်နယ်ဒန်ဟာ အသင်းကနေ ထွက်ခွာသွားဖို့ အနေအထားမြင့်တက်နေပါတယ်။ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကိုရောက်နေပေမဲ့ အသင်းနဲ့ညှိနှိုင်းမှုမလုပ်ထားတဲ့ ကစားသမားဟာ ဘာစီလိုနာအသင်းကလည်း ကစားသမားအဖြစ် အလိုရှိနေသူလည်း ဖြစ်ပါတယ်။

AZ-SportsGabar