ဘာစီလိုနာဆီက ပေါင် (၁၈)သန်းရခါနီးမှ ဆန့်တငင်ငင်ဖြစ်သွားရတဲ့ လီဗာပူး

ဘာစီလိုနာအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုတယောက် အီဘာနဲ့ပွဲကစားချိန်မှာ ဘယ်ဒူးဒဏ်ရာရသွားခဲ့ပါတယ်။ အသင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ ရေရှည်အနားယူရမယ့်အပြင် ကစားသမားရဲ့ ဒဏ်ရာကြောင့် ဘာစီလိုနာရဲ့ လာမယ့်ပွဲတော်တော်များများကို လွဲချော်ဖို့ရှိနေပါတယ်။

ခွဲစိတ်ဒဏ်ရာလုပ်ရမယ့်အတွက် ဘာစီလိုနာအတွက် မက်ဆီပါဒဏ်ရာရနေချိန်မှာ အင်အားနည်းနေတဲ့အပေါ် သတင်းဆိုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကော်တင်ဟိုဒဏ်ရာရသွားတာဟာ ဘာစီလိုနာအတွက်ပဲ သတင်းဆိုးမဟုတ်ခဲ့ပါဘူး။ ကော်တင်ဟိုရဲ့ အသင်းဟောင်း လီဗာပူးအတွက်ပါ သတင်းဆိုတခုအဖြစ်ရှိလာပါတယ်။

ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကိုမပြောင်းခင်မှာ ပေါင် ၁၄၂ သန်းတန်ကြေးရှိတဲ့ စာချုပ်နဲ့ လီဗာပူးကြား သဘောတူခဲ့ပါတယ်။ ဘာစီလိုနာက ကစားသမားအတွက် အလုံးစုံပေးချေတာမျိုးမဟုတ်ဘဲ အရစ်ကျခွဲဆပ်ရတာဖြစ်ပြီး၊ အဲဒီအထဲမှာ ပွဲ (၁၀၀) ပြည့်ရင် ပေါင် (၁၈)သန်းပေးရမယ်ဆိုတဲ့ အချက်ကို ထည့်ချုပ်ခဲ့ပါတယ်။

Sports သတင်းဌာရဲ့ ဖော်ပြချက်အရ ဒီအချက်ဟာ ကော်တင်ဟိုနဲ့ ဘာစီ ပွဲ (၁၀၀) မပြည့်ရင် ပေးစရာမလိုဘူးလို့ ဆိုပါတယ်။ ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံပွဲထွက်လာတာဟာ ပွဲ ၉၀ ရှိပါပြီ။ ၁၀ ပွဲလိုသေးတဲ့အပြင် အခုလို ဒဏ်ရာရသွားတာက ကစားသမားအနေနဲ့ ပွဲ (၁၀၀) ပြည့်ဖို့ မလွယ်တော့တာကို ပြနေပါတယ်။

ဒါကြောင့် လီဗာပူးလည်း ပေါင် (၁၈)သန်းရဖို့ လမ်းမမြင်သေးဘဲ ကော်တင်ဟိုအတွက် ရမယ့်ငွေတွေ ဆုံးရှုံးရဖို့ရှိနေပါတယ်။ ဘာစီလိုနာကလည်း အငှား ဒါမှမဟုတ် အပြီးသတ်ရောင်းချဖို့ ပြင်ထားတဲ့အတွက် ဒဏ်ရာက ကောင်းပြီး၊ ရောင်းချရခဲ့ရင် လီဗာပူးဟာ တပြားမှမရတော့ပါဘူး။ ပွဲ ၁၀၀ ပြည့်မလားက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

AZ-SportsGabar