နံနက်ပိုင်း အားကစားသတင်းတိုများ (၃၁.၁၂.၂၀၂၀)

ပြည်တွင်းမှာ ကိုရိုနာကူးစက်မှုနှုန်းတွေမြင့်လာပေမဲ့ သတင်းထွက်နေသလို နှစ်ပတ်နားသွားမယ့် အစီအစဉ်ကို လုပ်ဆောင်သွားဖို့မရှိဘူးလို့ ပရီးမီးယားလိဂ်ကထုတ်ပြန်ခဲ့ပါတယ်။ ကလပ်တွေကိုယ်စီက ကစားသမားတွေထိခိုက်လာတဲ့အပေါ် ဘောလုံးပွဲတွေကို နားချင်နေတာဖြစ်ပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေတဲ့ လီဗာပူးအသင်းကတော့ နယူးကာဆယ်ကို ဝ-၀ သရေကျသွားခဲ့ပါတယ်။ ၁၆ ပွဲကစား ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယားထိပ်မှာဦးဆောင်နေဆဲဖြစ်ပြီး၊ ဒုတိယနေရာက မန်ယူနဲ့ ၃ မှတ်ပဲ ကွာဟတော့တဲ့အခြေအနေကို ရောက်လာပါတယ်။

ဂီတာဖေးကို (၁-ဝ)နဲ့အနိုင်ရခဲ့တဲ့ အက်သလက်တီကိုအသင်းကလည်း ၂၀၂၀ ခုနှစ်လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပါတယ်။ ၁၄ ပွဲပဲ ကစားရသေးပေမဲ့ ၃၅ မှတ်နဲ့ဦးဆောင်နေတဲ့အပြင် အနီးဆုံးပြိုင်ဘက်ရီးရဲလ်ကို ၂ ပွဲလျော့၊ ၂ မှတ်အသာနဲ့ ၂၀၂၀ ကိုနှုတ်ဆက်ခဲ့ပါတယ်။

အယ်ချီကို (၁-၁) သရေကျသွားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း သူတို့ရဲ့ငါးပွဲဆက်အနိုင်ရနေတဲ့ စံချိန်ကောင်းကို ရပ်တန့်သွားခဲ့ပါတယ်။ သရေကြောင့် အက်သလက်နဲ့ ၂ မှတ်အကွာကိုရောက်နေပြီး၊ မြို့ခံပြိုင်ဘက်ကို အကောင်းဆုံးဖိအားလိုက်ပေးနေပါတယ်။

ကိုဗစ်စစ်ဆေးမှု နက်ဂတစ်ထွက်ခဲ့တာကြောင့် မန်စီးတီး ထရိန်နင်ကွင်းကို ပြန်ဖွင့်သွားတော့မယ်လို့ သိရပါတယ်။ ကစားသမားအများစု ကိုဗစ်ကူးစက်ခံရအပြီးမှာ ထရိန်နင်ကွင်းက လူတေကိုပါ စစ်ဆေးဖို့ ခေတ္တပိတ်ခဲ့တာဖြစ်ပါတယ်။

စိန့်မာရင်ကို (ဝ-၂)နဲ့ အနိုင်ရလိုက်တဲ့ ရိန်းဂျားအသင်းဟာ စကော့တလန်လိဂ်အမှတ်ပေးဇယားကို ၁၆ မှတ်ပြတ်ဦးဆောင်လိုက်ပါတယ်။ စတီဗင်ဂျာရတ်ဦးဆောင်နေတဲ့ ရိန်းဂျားဟာ ဆဲလ်တစ်ကို ၁၆ မှတ်အထိဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

နယူးကာဆယ်ကို သရေကျသွားပေမဲ့ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို အထူးကျေနပ်မှုရှိတယ်လို့ လီဗာပူးအသင်းနည်းပြ ကလော့ပ်က ပြောကြားခဲ့ပါတယ်။ ဝေဖန်မှုတွေရှိပေမဲ့ အသင်းရဲ့ရလဒ်ပိုင်းကို အထူးကျေနပ်နေသလို စွမ်းဆောင်ရည်ပိုင်းကိုလည်း သဘောကျနေတာဖြစ်ပါတယ်။

AZ-SportsGabar