ပေါ့ဘာနဲ့ ဒိုင်ဘာလာလဲမယ့်အစား ဟယ်ရီကိန်းနဲ့ပဲလဲလိုက်မယ်ဆိုတဲ့ ကာပယ်လို

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ နည်းပြဟောင်းကြီး ကာပယ်လိုက အာဂျင်တီးနားသား ဒိုင်ဘာလာနဲ့ပတ်သက်လို့ အမြင်တခုရှိလာပါတယ်။ သူ့ရဲ့အသင်းဟောင်းမှာ ကစားနေတဲ့ ပေါ်လိုဒိုင်ဘာလာကို ပေါ့ဘာနဲ့အလဲအထပ်ဖြစ်လာနိုင်တဲ့ သတင်းတွေထွက်နေတဲ့အပေါ် ကာပယ်လိုက အဲဒီလိုဖြစ်မလာဖို့ အလိုရှိနေပါတယ်။

ကစားသမားကို ဂျူဗင်တပ်မှာပဲ ဆက်ရှိစေလိုနေသလို မဖြစ်မနေလက်လွှတ်ခဲ့ရမယ်ဆိုရင်လည်း စပါးက ဟယ်ရီကိန်းနဲ့ပဲ သူသာဆိုလဲမယ်လို့ ဖွင့်ဟလာပါတယ်။ ဒီအကြောင်းကို ဒယ်လိုစပေါ့နဲ့ အင်တာဗျူးမှာ နည်းပြဟောင်း ကာပယ်လိုက အခုလို ဖွင့်ဟခဲ့ပါတယ်။ ” ပေါ်လို ဒိုင်ဘာလာကိုမြင်လိုက်တာနဲ့ ဆာဗစ်ဆီဗစ်ကို သတိရစေတယ်။ ‘

” ဒိုင်ဘာလာက ြပောရရင် ညာခြမ်းမှာကစားဖို့ ပိုသင့်တော်တယ်။ တော်တော်လေးကိုကောင်းတဲ့ အမြင်တွေရှိတဲ့အပြင် လိမ်ခေါက်တဲ့ စကေးကလည်းတော်တော်လေးကောင်းတယ်။ သူ့ကို ဖျက်ထုတ်တာတွေဆိုရင်လည်း ခန္ဓာကိုယ်သေးသေးလေးနဲ့ ရှောင်ထွက်သွားတယ်။ ဆာဗစ်ဆီဗစ်က ဂိုးဖန်တီးတာပိုကောင်းတယ်ဆိုရင် ဒိုင်ဘာလာက အဆုံးသတ်တာပိုကောင်းတယ်’

” ဘောလုံးပေးတာလည်းမြန်တယ်။ ဆိုရရင် ဒိုင်ဘာလာက တော်တော်များများမှာ ပိုကောင်းတယ်။ ကျွန်တော်သာဆိုရင် ဒိုင်ဘာလာကို ပေါ့ဘာနဲ့လဲမယ်လို့ သတင်းထွက်နေသလိုမျိုးလဲမှာမဟုတ်ဘူး၊ အကယ်လို့ လဲလိုရမယ်ဆိုရင်တော့ စပါးက ဟယ်ရီကိန်းနဲ့ပဲလဲလိုက်ချင်တယ်။ ” လို့ ကာပယ်လိုက သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

ဒိုင်ဘာလာဟာ ဂျူဗင်တပ်ရဲ့အနာဂတ်စီမံကိန်းထဲမှာ ပါနေသူဖြစ်ပြီး၊ ဥရောပထိပ်သီးကလပ်အများစုက လိုချင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။ လစာတိုးပြီး၊ကမ်းလှမ်းထားပေမဲ့ ကစားသမားကလည်း စဉ်းစားနေဆဲဖြစ်တဲ့အပေါ် ယူနိုက်တက်က ထွက်တော့မယ့် ပေါ့ဘာနဲ့အလဲအထပ်သတင်းထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြဟောင်းကာပယ်လိုက သူ့အမြင်မှာ ဟယ်ရီကိန်းနဲ့ပဲပိုအဆင်ပြေမယ်လို့ အင်တာဗျူးမှာ ဖွင့်ဟထားခဲ့ပါတယ်။

AZ-SportsGabar