နံနက်ပိုင်းအားကစားသတင်းတိုများ (၂၉.၁၂.၂၀၂၀)

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက သူကစားသမားဘဝကို ဘာစီကနေ အဆုံးသတ်ဖြစ်ခဲ့တာနဲ့ အမေရိကမှာ ဘောလုံးကစားဖို့ သွားချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီနဲ့သတင်း၊ ဘာစီမှာဆက်နေမယ့်သတင်းတွေဟာ မှေးမှိန်သွားခဲ့ပြီး၊ မေဂျာလိဂ်ကလပ်တွေနဲ့ သတင်းက အားပြန်ကောင်းလာပါတယ်။

ဗီလာကို (၁-၁) သရေကျခဲ့တဲ့ ချဲလ်ဆီးကြောင့် လမ်းပတ်ဟာ ရာထူးအပေါ် ဖိအားဝင်လာခဲ့ပြီလို့ သိရပါတယ်။ နိုင်ပွဲတွေမဖြစ်မနေရဖို့လိုနေပြီး၊ အသင်းကို လမ်းကြောင်းမှန်ပေါ် မဆွဲတင်နိုင်ခဲ့ရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရတာမျိုး ဖြစ်လာနိုင်တယ်လို့ ဘီဘီစီသတင်းဌာနက ဆိုပါတယ်။

မန်စီးတီးနဲ့ အဲဗာတန်ရင်ဆိုင်ကစားမယ့်ပွဲကို ကိုဗစ် ၁၉ ဆိုင်ရာ ကိစ္စရပ်တွေကြောင့် ပွဲကို ရွှေ့ဆိုင်းလိုက်တာလို့သိရပါတယ်။ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဝေါ့ကာနဲ့ ဂျီးဆပ်တို့ ကိုဗစ် ပေါ့စတစ်ထွက်ထားချိန်မှာ အသင်းမှာကူးစက်ထားသူ လေးယောက်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး၊ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့နောက်ခံလူ ဂါဘရီရယ်ကလည်း ကိုဗစ် ပေ့ါစတစ်ဖြစ်နေတဲ့သူနဲ့ထိတွေ့ခဲ့အပြီးမှာ ပိုးတွေ့ခဲ့တာကြောင့် သီးသန့်ခွဲခြားနေရတော့မယ်လို့ သိရပါတယ်။ ၇-၁၄ ရက်ကြား ကြာမြင့်မှာဖြစ်တဲ့အတွက် ကြားပွဲတွေကို အကုန်လုံး လွဲချော်မှာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ ဇာဟာကို အေစီမီလန်အသင်းက အလိုရှိနေပါတယ်။ လာမယ့် ဇန်နဝါရီမှာကို ကစားသမားကို ခေါ်ယူသွားဖို့ရှိနေပြီး၊ ပေါင်သန်း ၄၀ ပမာဏ ဝန်းကျင်နဲ့ ကစားသမားကို ခေါ်ယူသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

AZ-SportsGabar