ဒီနေ့ည ပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ် အပတ် ၁၆ အတွက် လော်ရိုးရဲ့ခန့်မှန်းချက်များ

ပရီးမီးယားလိဂ် အပတ်စဉ် ၁၅ ပြီးဆုံးလို့ မကြာခင်မှာပဲ ပရီးမီးယားလိဂ်အပတ်စဉ် ၁၆ က မြန်မြန်ဆန်ဆန်ဝင်ရောက်လာပါတယ်။ ချဲလ်ဆီးအသင်းအတွက် ၄၈ နာရီအတွင်း နှစ်ပွဲကစားရတဲ့ ရက်သတ္တပတ်ဖြစ်လာပြီး၊ ပရီးမီးယားလိဂ်အသင်းတွေဟာ ပွဲကြပ်ဆက်တိုက် ကစားနေရတဲ့အနေအထားဖြစ်လာပါတယ်။

မထင်မှတ်ထားတဲ့ ရလဒ်တွေပြောင်းပြန်ထွက်လာနိုင်တဲ့အပေါ် ဒီတပတ်အတွက် ခန့်မှန်းချက်တွေက ပရိသတ် စိတ်ဝင်စားမှုပိုမြင့်လာမှာပါ။ ဘီဘီစီသတင်းဌာနရဲ့ လော်ရိုးအနေနဲ့ အခုလိုပွဲကြပ်ကာလတွေအတွက် ခန့်မှန်းချက်တွေကို တင်ဆက်ပေးနေကြအတိုင်း တင်ဆက်ပေးလိုက်ပြီး၊ ဝါသနာရှင်တွေအတွက် စနည်းနာဖို့ဖြစ်လာပါတယ်။

ဒီနေ့ညမှာပဲ ကစားမယ့်ပွဲစဉ်ဖြစ်တဲ့ ပဲလေ့စ်-လက်စတာပွဲကို (၁-၁)သရေ ရလဒ်ပေးခဲ့ပါတယ်။ တနင်္လာနေ့ရဲ့နောက်ထပ် ပွဲစဉ် ၂ ပွဲကိုတော့ ချဲလ်ဆီး ၂-၀ ဗီလာ၊ အဲဗာတန် ဝ-၂ မန်စီးတီးနဲ့ အသီးသီးခန့်မှန်းပေးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ရဲ့အကောင်းဆုံးပွဲစဉ်တွေဖြစ်လာမယ့် ပွဲတွေကိုတော့ ဘရိုက်တန် ၁-၂ အာဆင်နယ်၊ ဘန်လေ ၂-၀ ရှက်ဖီး၊

ဆောက်သမ်တန် ၂-၀ ဝက်စ်ဟမ်း၊ ဝက်စ်ဘရွန်း ဝ-၂ လိဒ်၊ မန်ယူ ၂-၁ ဝုဗ်နဲ့ အသီးသီးခန့်မှန်းပေးခဲ့ပါတယ်။ ကျန်တဲ့ လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ စပါး၊ လီဗာပူး ပွဲတွေကိုလည်း စပါး ၃-၀ ဖူလ်ဟမ်၊ နယူး ဝ-၂ လီဗာပူးနဲ့ အသီးသီးအနိုင်ရလဒ်တွေရသွားမယ်လို့ ခန့်မှန်းပေးထားပါတယ်။ အသင်းကြီးတွေအကုန်လုံးနိုင်ပွဲရမယ်လို့ ခန့်မှန်းထားတဲ့အတွက် လော်ရိုးရဲ့ခန့်မှန်းချက်တွေကလည်း စိတ်ဝင်စားဖို့ကောင်းလာပါတယ်။

AZ-SportsGabar