ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ် တပတ်တာအကောင်းဆုံးအသင်းမှာ ဘယ်သူတွေပါဝင်ခဲ့လဲ

ပရီးမီးယားလိဂ်ပွဲစဉ် week 15 ပြီးဆုံးသွားခဲ့ချိန်မှာ အရှုံးအနိုင်ရလဒ်တွေနဲ့ အမှတ်ပေးဇယားက ငြိမ်သွားခဲ့ပါပြီ။ ပရိသတ်မထင်မှတ်ထားတဲ့ ရလဒ်တွေထွက်ပေါ်ခဲ့တဲ့အပြင် အသင်းကြီးအများစု သရေပွဲတွေကျခဲ့တာကြောင့် တယောက်တမှတ်စီတိုးတဲ့အပတ်လို့တောင် တင်စားခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်က ချဲလ်ဆီးကို (၃-၁)နဲ့ အနိုင်ယူလိုက်တဲ့ပွဲစဉ်လိုမျိုး အံ့အားသင့်ဖွယ်ရာပွဲတွေကလည်း ထွက်ပေါ်လာခဲ့တဲ့အတွက် တပတ်တာအကောင်းဆုံးအသင်းရွေးချယ်မှုက ပရိသတ်ကို စိတ်မပျက်စေခဲ့ပါဘူး။ ထုံးစံအတိုင်း ဘီဘီစီရဲ့ဂါရတ် ခရွတ်က တပတ်တာအကောင်းဆုံးအသင်းကို ပရိသတ်တွေအတွက်အခုလိုရွေးချယ်ပေးခဲ့ပြန်ပါတယ်။

(၃-၄-၃) ကစားကွက်ကို အခြေတည်ထားတဲ့ ခရွတ်ရဲ့ကစားကွက်မှာ ဂိုးသမားက လီနိုပါ။ ဂျော်ဂျင်ဟိုရဲ့ပင်နယ်တီ၊ ချဲလ်ဆီးရဲ့အပိုင်အလုံးတချို့အပြင်၊ အသင်းအနိုင်ရလဒ်ရဖို့ အရေးပါခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ နောက်တန်းသုံးယောက်ရွေးချယ်မှုမှာတော့ မန်စီးတီးရဲ့ ဂျောင်ကန်ဆယ်လို၊ ဝက်စ်ဘရွန်းရဲ့ အဂျာရီ၊ ဗီလာရဲ့ ဟော့စ်သုံးယောက်ကို ရွေးချယ်ခဲ့ပါတယ်။

ကွင်းလယ်မှာ ဖရီးကစ်ပိုင်ရှင် ရှာကာ၊ မန်ယူရဲ့တဂိုးရှင် ဖာနန်ဒက်၊ အဲဗာတန်ရဲ့အနိုင်ဂိုးရှင် ဆီဂတ်ဆန်၊ ဗီလာရဲ့ ဂရီရယ်လစ်ရှ် လေးဦးကို ရွေးချယ်ခဲ့ပါတယ်။ လေးဦးစလုံးဟာ သက်ဆိုင်ရာအသင်းတွေရဲ့ ရမှတ်ရယူမှုတွေမှာ အရေးပါတဲ့ ကစားသမားတွေဖြစ်ခဲ့တဲ့အတွက် ခရွတ်ရဲ့ ရွေးချယ်မှုက ပရိသတ်အကြိုက်တွေ ဖြစ်နေမှာပါ။

တိုက်စစ်ပိုင်းမှာတော့ ဆာကာ၊ ဝက်ကင်း၊ ရက်ရှ်ဖို့ဒ် သုံးဦးကို ရွေးချယ်ခဲ့ပါတယ်။ သုံးဦးလုံးကလည်း သက်ဆိုင်ရာအသင်းရဲ့ပွဲတွေမှာ ကိုယ်စီခြေစွမ်းပြခဲ့သူတွေဖြစ်တဲ့အပေါ် တိုက်စစ်ပိုင်းကလည်း အားရစရာပါ။ ပြောခဲ့တဲ့ အသင်းက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် week ၁၅ မှာ အကောင်းဆုံး ကစားခဲ့သူတွေနဲ့အသင်းတခုရွေးထုတ်ထားတာပဲဖြစ်ပါတယ်။

AZ-SportsGabar