နံနက်ပိုင်းအားကစားသတင်းတိုများ (၂၈.၁၂.၂၀၂၀)

အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးအသင်းက ပြိုင်ဘက်အသင်းတွေခြေချော်နေတာကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ဝက်ဘရွန်းကို(၁-၁)သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ သရေရလဒ်ကြောင့် ၃၂ မှတ်နဲ့ အမှတ်ပေဇယားထိပ်ကဦးဆောင်နေပြီး၊ အနီးဆုံးပြိုင်ဘက် အဲဗာတန်ကို ၃ မှတ်ပဲ ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဝုဗ်အသင်းအိမ်ကွင်းကို သွားကန်ခဲ့ရတဲ့ စပါးအသင်းကတော့ ပွဲအစ ၁ မိနစ်ကတည်းက ဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ ဝုဗ်ရဲ့ ၈၆ မိနစ်နောက်ကျ ချေပဂိုးကြောင့် စပါးတို့ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ သရေရလဒ်ကြောင့် စပါးဟာ ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲကို အနိုင်ရလဒ်မရှိဘဲ ဖြတ်သန်းလာခဲ့ပါတယ်။

ဝုဗ်အသင်းအတွက် သတင်းကောင်းကတော့ တိုက်စစ်မှူး ဂျင်မီနက်ဟာ ဦးခေါင်းဒဏ်ရာကြောင့် နားနေရပြီးကတည်းက အခုချိန်မှာ ထရိန်နင်ကိုပြန်လာနိုင်တဲ့အထိကောင်းလာပြီလို့ သိရပါတယ်။ လေ့ကျင့်ခန်းအပေ့ါစားတွေ ဆင်းနေပြီလည်း ဖြစ်ပါတယ်။

ဘန်လေအသင်းကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ လိဒ်ယူနိုက်တက်အတွက် တလုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဘန်းဖို့ဒ်က ၅ မိနစ်ပင်နယ်တီနဲ့အတူ အနိုင်ရစေခဲ့ပါတယ်။ ပင်နယ်တီပေးခဲ့ရတဲ့အပေါ် ဘန်လေနည်းပြဒိုင်ချီက ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဟာ သူတို့အသင်းကို ရှုံးပွဲကြုံသွားစေခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကစားသမား အိုဇေးလ်ကို ဂျူဗင်တပ်အသင်းဆီ အငှားချဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းက ငြင်းပယ်ခဲ့ပြီး၊ အိုဇေးလ်ကို အလိုမရှိတဲ့အကြောင်း ပြောခဲ့တဲ့အပေါ် အာဆင်နယ်မှာပဲ ဆက်မြဲနေခဲ့တာဖြစ်ပါတယ်။

ဒူးဘိုင်းကမ္ဘာ့ဘောလုံးဆုက ချီးမြင့်တဲ့ ရာစုနှစ်ရဲ့အကောင်းဆုံး ကစားသမားဆုကို စီရော်နယ်ဒိုက ရသွားခဲ့ပါတယ်။ အကောင်းဆုံးအသင်းအဖြစ် ရီးရဲလ်ကရသွားခဲ့ကာ အသင်းဟောင်းနဲ့ ကစားသမားဟောင်းကဦးဆောင်သွားခဲ့ပါတယ်။

AZ-SportsGabar