လူ (၅၀၀)ဖိတ်ပြီး၊ ပါတီပွဲလုပ်ခဲ့လို့ ဘရာဇီးလ်ပြည်သူတွေတင်းတာခံနေရတဲ့နေမာ

ဒီတပတ်ပိတ်ရက်မှာ နေမာတယောက် ဘရာဇီးလ်မှာ ပါတီလုပ်ခဲ့လို့ ဘရာဇီးလ်ပြည်သူတွေ ဝေဖန်တာခံနေရပါတယ်။ ကိုယ်တိုင်စီစဉ်ခဲ့တဲ့ ပါတီပွဲမှာ လူ ၅၀၀ ကိုဖိတ်ကြားခဲ့တဲ့အပြင် နေမာဟာ ပါတီပွဲကို လူမသိ သူမသိဘဲလုပ်လိုက်လို့ ကိုဗစ် ကူးစက်မှုတွေ ပြန့်ပွားသွားမှာကို စိုးရိမ်နေကြပါတယ်။

ဘရာဇီးလ်ဟာ လက်ရှိမှာ ကိုဗစ်ကူးစက်မှုကြောင့် ပြင်းထန်နေတဲ့ နိုင်ငံတွေထဲမှာအပါဝင်ပါ။ လူပေါင်း (၁၉၀၀၀၀)ကျော် ကိုဗစ်ကြောင့် သေဆုံးထားပြီး၊ ကိုဗစ်ရဲ့ ရိုက်ခတ်မှုကို အလူးအလဲခံနေရတုန်းလည်းဖြစ်ပါတယ်။ ဒါကို နေမာက မြို့တော် ရီယို ဒီဂျနေရိုးမှာ လူ ၅၀၀ အထိ လူစုလူဝေးနဲ့အတူ ပါတီလုပ်ဖို့ ကိုယ်တိုင်ဦးဆောင်ခဲ့တာပါ။

ဖျော်ဖြေပွဲတွေလည်းပါပြီး၊ ဘေးပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ ဆူညံသံတွေလျှော့တဲ့ နည်းစနစ်တွေနဲ့ ပါတီလုပ်ခဲ့ပါတယ်။ မြေအောက်မှာ လုပ်ခဲ့တာလား၊ အိမ်ထဲမှာပဲ လုပ်ခဲ့တာလားကိုတော့ သတင်းဖော်ပြခဲ့တဲ့ မာကာသတင်းစာက သေချာမဖော်ပြထားတဲ့အတွက် နေမာဟာ ပတ်ဝန်းကျင်မသိအောင် ပါတီပွဲလုပ်နိုင်ခဲ့တယ်လို့ပဲ ဆိုနိုင်ပါတယ်။

အပြင်ကို သတင်းပေါက်ကြားတာမျိုးမဖြစ်ဖို့အတွက် တက်ရောက်ရတဲ့ ဧည့်သည်တွေဟာ ဖုန်းတွေကိုထားခဲ့ရပါတယ်။ ဒါကြောင့် ဘာမှတ်တမ်းမှတ်ရာမှ မကျန်ခဲ့တဲ့ နေမာပါတီလုပ်တာကို အတွင်းသတင်းပုံစံနဲ့ပဲ ပေါက်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘရာဇီးလ် မီဒီယာ အိုဂလိုဘိုကနေ နေမာဟာ ဒီပါတီပွဲကို ကျိန်းသေလုပ်ခဲ့တယ်လို့ ချပြခဲ့တဲ့အပေါ် ဘရာဇီးလ်ပြည်သူတွေဟာ နေမာကို ဒေါသထွက်ခဲ့ပါတယ်။

နေမာအနေနဲ့ အခုဖြစ်ရပ်အပေါ် မဖြေရှင်းထားသေးဘဲ သူ့အနေနဲ့ ပါတီပွဲလုပ်ခဲ့လား၊ မလုပ်ခဲ့လားကိုလည်း အတည်မပြုထားပါဘူး။ တကယ်လို့ လုပ်ခဲ့ရင်တော့ နေမာဟာ လူစုလူဝေးမလုပ်သင့်တဲ့အချိန်မှာ ကိုယ်တိုင်ဦးဆောင်ခဲ့တဲ့အထိ ဆိုးသွမ်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

AZ-SportsGabar