ဖီလ်ဖိုဒင်ကို ပရိသတ်တွေ မထင်ထားတဲ့ ဈေးနှုန်းတခုနဲ့ကမ်းလှမ်းဖို့ရှိနေတဲ့ ရီးရဲလ်

နယူးကာဆယ်ကို (၂-ဝ)နဲ့နိုင်လိုက်တဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် ဖီလ်ဖိုဒင်ပါဝင်ကစားခဲ့ပါတယ်။ ကစားသမားရဲ့ပွဲထွက်က ပွဲဆက်အတော်လေးပြတ်နေပြီးမှ ပါဝင်ကစားချိန်မှာတောင် ခြေစွမ်းတည်ငြိမ်လွန်းနေခဲ့ပြီး၊ ၂၀ နှစ်သားတယောက်ရဲ့ အနာဂတ်တွေကို ထပ်ချပြခဲ့ပါတယ်။

နဂိုကတည်းက ဖိုဒင်ကို စောင့်ကြည့်နေတဲ့ ရီးရဲလ်အတွက်တော့ အခုလိုခြေစွမ်းပြလေ၊ ပိုလှုပ်ရှားလေဖြစ်လာပြီး၊ ကစားသမားကို အရခေါ်ဖို့ ထပ်ကြိုးပမ်းလာပါတယ်။ (၂၀၂၁) နွေရာသီနဲ့ ဇန်နဝါရီအပြောင်းအရွှေ့တွေမှာကိုပဲ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီလိုမျိုးကမ်းလှမ်းတာက မန်စီးတီးအတွက် စိတ်ပူစရာမရှိပါဘူး။

ဒါပေမဲ့ အောက်တိုဘာလကတည်းက ပွဲဆက်ပြတ်ပြီး အခုမှ စီနီယာအသင်းကို ပြန်ပါဝင်ကစားရတဲ့ ကစားသမားကို အထူးအချက်တချက်နဲ့ကမ်းလှမ်းမှာပါ။ ကစမားသမားရဲ့ပွဲထွက်ခွင့်ကို အာမခံပေးမှာဖြစ်တဲ့အပြင် ရီးရဲလ်ရဲ့ စီနီယာကစားသမားဖြစ်လာဖို့ မက်လုံးပေးဖို့ရှိနေပါတယ်။ အရည်အသွေးမြင့်လူငယ်တွေကို နေရာပေးတတ်တဲ့ ထုံးစံအတိုင်း ရီးရဲလ်ဟာ ချုပ်ဖို့ပြင်လာပါတယ်။

ဒါ့အပြင် အသက် (၂၀) ကစားသမားတယောက်ကို ငါးနှစ်စာချုပ်၊ ယူရိုသန်း (၂၀)နဲ့ခေါ်ဖို့ ရီးရဲလ်ဖက်က ပြင်ဆင်ထားပါတယ်။ တန်ဖိုးမြင့် ပြောင်းရွှေ့ကြေးဖြစ်ပေမဲ့ ဖိုဒင်ရဲ့အရည်အသွေးနဲ့ ပြသထားတဲ့ စကေးတွေအရ ကစားသမားဟာ ထိုက်တန်မကတန်လွန်းနေပါတယ်။ မန်စီးတီးဖက်က တာဝန်ရှိသူတွေကတော့ ခပ်မြန်မြန်ပဲ ကမ်းလှမ်းချက်ကို ပယ်ချမယ်လို့ သိရပါတယ်။

ဖိုဒင်ကို အခုလိုမျိုး ကမ်းလှမ်းဖို့ ရီးရဲလ်တို့ပြင်ဆင်လာတာဟာ ကစားသမားရဲ့ပွဲထွက်လိုနေတဲ့အချက်ကို အမိအရ အသုံးချချင်တာကြောင့်လို့ ဆိုပါတယ်။ ရီးရဲလ်အနေနဲ့ အသက် (၂၀)ကစားသမားတယောက်ကို အခုလိုဈေးပေးကမ်းလှမ်းတာက ပုံမှန်လိုဖြစ်နေတဲ့အတွက် အထွေအထူးမဟုတ်တဲ့အပေါ် ကစားသမားရဲ့ဆုံးဖြတ်ချက်ကပဲ အရေးပါလာဖို့ရှိနေပါတယ်။

AZ-SportsGabar