နံနက်ပိုင်းအားကစားသတင်းတိုများ (၂၇.၁၂.၂၀၂၀)

ရှက်ဖီးယူနိုက်တက်ကို (ဝ-၁)နဲ့ အနိုင်ရခဲ့တဲ့ အဲဗာတန်အသင်းဟာ ရမှတ် ၂၉ မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဆီဂတ်ဆန်က မိနစ် ၈၀ အရောက်မှာ အဲဗာတန်အတွက်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး၊ လီဗာပူးနဲ့ ၂ မှတ်အကွာကို ရောက်လာခဲ့ပါတယ်။

ဘောက်ဆင်ဒေးရဲ့လန်ဒန်ဒါဘီပွဲအဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ ချဲလ်ဆီးကို အမှတ်မထင်ဘဲ (၃-၁)နဲ့အတူ အနိုင်ရခဲ့ပါတယ်။ လာကာ၊ ရှာကာ၊ ဆာကာ သုံးဦးသားသွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲကို ရခဲ့ပြီး၊ ချဲလ်ဆီးအသင်းက ဂျော်ဂျင်ဟို ပင်နယ်တီမဝင်ခဲ့တာက ချဲလ်ဆီးတို့ သရေရလဒ်နဲ့ဝေးကွာခဲ့ရပါတယ်။

နယူးကာဆယ်ကို (၂-ဝ)နဲ့အနိုင်ရခဲ့ဲတဲ့ မန်စီးတီးအသင်းအတွက် ဖာရန်တောရက်စ်က အနိုင်ဂိုးတဂိုးပါဝင်ပတ်သက်ခဲ့ပါတယ်။ မန်စီးတီးအတွက် ၇ ဂိုးမြောက်ရှိလာပြီဖြစ်ပြီး၊ ပထမဆုံးရာသီမှာပဲ စတာလင် (၇)ဂိုးနဲ့အတူတူ မန်စီးတီးရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

မန်ယူအသင်းနဲ့ (၂-၂)သရေကျခဲ့တဲ့ လက်စတာအသင်းကတော့ ဒီရာသီသူတို့ရဲ့ ပထမဆုံး သရေပွဲကို ရသွားခဲ့ပါတယ်။ ဦးဆောင်ဂိုး (၂)ဂိုးအသွင်းခံခဲ့ရပေမဲ့ နောက်ကနေ နှစ်ဂိုးပြန်လိုက်သွင်းခဲ့ကာ သရေတမှတ်ကို အရယူသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့ရဲ့နည်းပြရာထူးနေရာမှာ ပိုချက်တီနိုကိုအစားထိုးဖို့ စီစဉ်ထားပေမဲ့ ပိုချက်တီနိုဖက်က လက်မခံသေးဘူးလို့ သိရပါတယ်။ ပီအက်စ်ဂျီဘောလုံးဒါရိုက်တာ လီယိုနာဒိုနဲ့ ပိုချက်တီနိုကြားအခုချိန်ထိ ညှိနှိုင်းမှုတွေရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဝေးကွင်းနောက်ဆုံး သုံးပွဲဆက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ ချဲလ်ဆီးအသင်းကြောင့် တာဝန်ရှိသူတွေဟာ လမ်းပတ်အပေါ် ရာထူးကထုတ်ပယ်ဖို့ စဉ်းစာလာကြပြီလို့သိရပါတယ်။ လာမယ့် မန်စီးတီး၊ ဗီလာပွဲတွေမှာ ရလဒ်မကောင်းတာနဲ့ လမ်းပတ်ကို ထုတ်ပယ်ဖို့ စဉ်းစားထားပြီး အသင်းကြီးတွေနဲ့တွေ့ဆုံတိုင်းရလဒ်မကောင်းတဲ့ လမ်းပတ်အဖို့ ဖိအားတွေရှိလာပြီဖြစ်ပါတယ်။

AZ-SportsGabar