ကစားသမားတွေ ဈေးဝယ်တာကို ပိတ်ပင်လိုက်တဲ့ ဝုဗ်

တော့တင်ဟမ်ကို မကြာခင်ရင်ဆိုင်တော့မယ့် ဝုဗ်ဟာ အများမထင်ထားတဲ့ လုပ်ရပ်တခုကိုလုပ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြဿနာကို ကြိုကာကွယ်ဖို့အတွက် သူတို့ရဲ့ ကစားသမားတချို့ကို စည်းကမ်းအသစ်ထုတ်လိုက်တာပါ။

ကစားသမားတွေ ဈေးဝယ်သွားတာကို ဆုံးဖြတ်ချက်မြန်မြန်ဆန်ဆန်နဲ့ပဲ မသွားရတော့ဖို့ပိတ်ပင်လိုက်တာလို့ နည်းပြနူနိုဆန်တိုက ပြောပါတယ်။ ကူးစက်နှုန်းတွေအဆမတန်မြင့်လာတဲ့အပြင် ဘောလုံးလောကကို ပြန်ထိခိုက်လာနိုင်တဲ့အပေါ် ဝုဗ်ဟာ အသင်းကိုကာကွယ်ဖို့ အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ” အခုလို လုပ်ရတာက ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ကာကွယ်ဖို့ သတ်သတ်ပါပဲ”

” ကပ်ရောဂါစကတည်းက ကျွန်တော်တို့လိုတာတွေကို မီးဖိုချောင်ဝန်ထမ်းတွေက သေတ္တာအကြီးကြီးတွေနဲ့ ဝယ်ထည့်ထားပြီးသားပါ။ ကူးစက်နှုန်းတွေမြင့်လာတော့လည်း ဒီအတိုင်းပါပဲ။ လူတိုင်းလည်း အဲ့လိုလုပ်ကြပါတယ်။ အခြေအနေတွေတိုးတက်လာတော့ ကျွန်တော်တို့လည်း အဆင်ပြေလာပြီ။ သွားတာလာတာတွေကို လွတ်လပ်ခွင့်ပေးလိုက်ပါတယ်။’

” ကိုယ့်ဘာကိုယ်ဈေးဝယ်ကြပေါ့။ ဒါပေမဲ့ အခုတော့ ကူးစက်နှုန်းတွေက အင်မတန်မြင့်လာတဲ့အပြင် အသစ်ပြောင်းလဲသွားတော့ လူတိုင်းက အဲဒီလိုသွားထားတာတွေနဲ့ပတ်သက်လို့ စိုးရိမ်လာကြတယ်။ ကျွန်တော်တို့ အရင်လိုပြန်လုပ်ဖို့လိုလာတယ်။ ဒါကြောင့် ကစားသမားတွေနဲ့ သူတို့မိသားစုတွေ စူပါမားကတ်တွေမသွားရဘူးလို့ ထုတ်ပြန်တယ်’

” အခုလိုလုပ်တာက ကျွန်တော်ကိုယ် ကျွန်တော်တို့ကာကွယ်တာပါ။ ကျွန်တော်တို့ ဂရုစိုက်မယ့်သူတွေလည်း အများကြီးရှိပါတယ်။ “လို့ ဆိုခဲ့ပါတယ်။ ဒီအကြောင်းတွေကိုတော့ ဝုဗ်နည်းပြ ကိုယ်တိုင်က ပြောခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လီဗာပူးနဲ့ အဲဗာတန်ပဲ ပရိသတ်ဝင်ခွင့်ရထားပြီး၊ ကျန်တဲ့ ပရီးမီးယားလိဂ်ကလပ်တွေဟာ ပရိသတ်ဝင်ခွင့်ပြန်ပိတ်ပင်ခံထားရပါတယ်။

AZ-SportsGabar