ပရီးမီးယားလိဂ်သမိုင်းရဲ့အကောင်းဆုံး အပြောင်းအရွှေ့အဖြစ် စီရော်နယ်ဒိုသတ်မှတ်ခံရ

အြပောင်းအရွှေ့တွေကို အပြောင်းအရွှေ့ရာသီတိုင်းမှာ ကလပ်တွေဟာ ပြုလုပ်ကြပါတယ်။ ဒီထဲမှာ ကမ္ဘာကျော် ပရီးမီးယားလိဂ်ကလည်း ထိပ်တန်းအနေနဲ့ပါဝင်ပြီး၊ ကစားသမားတွေကို ခေါ်ယူကြပါတယ်။ နွေရာသီနဲ့ ဇန်နဝါရီအပြောင်းအရွှေ့တွေဟာ အောင်မြင်မှုတွေရယူဖို့အတွက် ကစားသမားတွေခေါ်ယူခဲ့ကြချိန်မှာ ကလပ်တွေအတွက် အကျိုးဖြစ်ထွန်းခဲ့တဲ့ ကစားသမားတွေရှိလာပါတယ်။

ဒီအချက်တွေပေါ် မူတည်ပြီး၊ စကိုင်းစပေါ့ကနေ ပရီးမီးယားလိဂ်ရဲ့တသက်တာ အကောင်းဆုံးကစားသမား အပြောင်းအရွှေ့ကို ရွေးချယ်ခဲ့ပါတယ်။ စကိုင်းစပေါ့ ထရန်စဖာရှိုးအဖြစ်တင်ဆက်တဲ့ အစီအစဉ်မှာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ မန်ယူအသင်းကို ပြောင်းလာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါင် (၁၂)သန်း အပြောင်းအရွှေ့ကို ရွေးချယ်ခဲ့ပါတယ်။

အဆိုပါအချိန်တုန်းက ၁၈ နှစ်သား ရော်နယ်ဒိုဟာ ခြေစွမ်းခြေရိပ်တွေရှိသေးတဲ့ လူငယ်တယောက်အဖြစ်ပဲရှိပါသေးတယ်။ နောက်တော့ ဘလွန်းဒီအော်ဆုတွေပါ ရယူသွားချိန် ပုံရိပ်မြင့်ခြေစွမ်းမြင့် ကစားသမားဖြစ်ခဲ့ပြီး၊ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကို ပေါင်သန်း (၈၀)နဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်မှာလာလီဂါကို ရောက်သွားတဲ့ကစားသမားက အခုထိခြေစွမ်းပြနေဆဲပါ။

စီရော်နယ်ဒိုကို ရွေးချယ်ပြီးချိန်မှာနောက်ထပ် ကစားသမား ၁၉ ယောက်ကို တင်ပေးခဲ့ပါတယ်။ သူတို့က ဟင်နရီ၊ ကန်တိုနာ၊ လမ်းပတ်၊ ရွိုင်ကိန်း၊ ဒရော့ဘာ၊ ဆိုးလ်ကမ်းဘဲ၊ ရွန်းနီ၊ ကွန်ပနီ၊ အလန်ရှီးယား၊ ဆာလား၊ ကန်တေ၊ ဘားကမ့်၊ ဗန်ဒိုက်၊ ဇိုလာ၊ ဒေးဗစ်ဆေးလ်ဗား၊ ဗီအဲရာ၊ ဟာဇက်၊ အဂူရို၊ ပီတာချက် တို့ကို အစဉ်လိုက် ရွေးချယ်ပေးခဲ့ပါတယ်။

ဒီကစားသမားတွေကို ရွေးချယ်ပေးပြီးချိန်မှာ ပရိသတ်သတိထားမိမှာက အင်္ဂလန်လိဂ်အချင်းချင်းပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေလည်း ပါဝင်နေတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ အြပောင်းအရွှေ့ကောင်းတွေကိုပဲ ရွေးချယ်ပေးတာဖြစ်တဲ့အတွက် ပရိသတ်အကြိုက် ကစားသမားတွေအများစု ပါဝင်နေတာကိုလည်း တွေ့နိုင်မှာဖြစ်ပါတယ်။

AZ-SportsGabar