နံနက်ပိုင်းအားကစားသတင်းတိုများ (၂၆.၁၂.၂၀၂၀)

လီဗာပူးနည်းပြ ကလော့ပ်က မစ်ဂျဲလန်းကိုသွားကစားခဲ့တဲ့ပွဲမှာ ကပ္ပတိန်လက်ပတ်ကို အာနိုးကိုပေးခဲ့တဲ့အပေါ် အိုရီဂီကိုမပေးခဲ့တာကပဲ အမှားတခုဖြစ်လိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။ ဆာလားကိုမပေးခဲ့တာနဲ့ပတ်သက်လို့ သူ့အတွက် ဟန်ဒါဆန်၊ မီလ်နာ၊ ဗန်ဒိုက်၊ ဝှစ်နယ်ဒန်လေးဦးမရှိရင် ကလပ်ရဲ့သက်တမ်းအကြာဆုံးကစားသမားကို ပေးရမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ရှက်တာဒိုးနက် ကွင်းလယ်လူ ကိုဗယ်လန်ကိုကို အတ္တလန်တာအသင်းဟာ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ လာမယ့်ဇန်နဝါရီမှာ အတ္တလန်တာအသင်းဆီပြောင်းမှာဖြစ်ပြီး၊ အကြိုသဘောတူညီမှုကို အကုန်လုံးရထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးနည်းပြ လမ်းပတ်က သူ့အသင်းကို အာဆင်နယ်၊ ဗီလာတို့လိုအသင်းနှစ်သင်းကို ၄၈ နာရီအတွင်းကန်ရမယ့်အပေါ် စိတ်ပျက်နေတယ်လို့ ဝန်ခံလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားအရ ဒီဇင်ဘာမကုန်ခင်အခုလို နှစ်ပွဲကန်ခိုင်းခဲ့တဲ့အပေါ် လမ်းပတ်ဟာ တာဝန်ရှိသူတွေအပေါ် ဝေဖန်ခဲ့ပါတယ်။

လိုင်ယွန်အသင်းရဲ့တောင်ပံကစားသမား ဒီပေးကို ဘာစီလိုနာက လက်ဦးရယူမှုမယူနိုင်ခင်မှာ ပီအက်စ်ဂျီအသင်းကခေါ်ဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။ ဒီပေးအနေနဲ့ ကလပ်နဲ့စာချုပ်သက်တမ်းမတိုးဘဲ အလွတ်ကြေးနဲ့ထွက်ခွာမယ့်အပေါ် ပီအက်စ်ဂျီက မက်လုံးပေးစွဲဆောင်ဖို့ရှိနေပြီး၊ ဒီမာရီယာအလွန် တောင်ပံနေရာကိုဝင်စေဖို့ ကြိုးပမ်းနေပါတယ်။

စကိုင်းစပေါ့ရဲ့ ပွဲကြိုသုံးသပ်သူ လူးဝစ်ဂျုန်းက ပရီးမီးယားလိဂ်အစောဆုံးပွဲစဉ်အဖြစ် ဒီတပတ်မှာကစားမယ့် လက်စတာ-မန်ယူ ပွဲစဉ်ကို (ဝ-၁)ရလဒ်နဲ့အတူ မန်ယူတို့အနိုင်ရသွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ မန်ယူအသင်း တဂိုးနဲ့အနိုင်ရသွားမယ်လို့ဆိုခဲ့ပြီး၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် (၂)ကိုတက်သွားဖို့ ကြိုတင် မှန်းဆပေးခဲ့ပါတယ်။

AZ-SportsGabar